တရုတ်၏လူဦးရေ လျော့ကျမှုပြဿနာ မျှော်မှန်းထားသည်ထက် ပိုမိုဆိုးရွားလာ

တရုတ်၏လူဦးရေ လျော့ကျမှုပြဿနာ မျှော်မှန်းထားသည်ထက် ပိုမိုဆိုးရွားလာ

တရုတ်နိုင်ငံ၏ လူဦးရေအကျပ်အတည်းသည် အစိုးရထုတ်ပြန်သည့် တရားဝင်အချက်အလက်များထက်ပင် ပိုမိုဆိုးရွားနေကြောင်း တရုတ်ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ ပြည်နယ်အဆင့်ဒေသကြီးများ၌ ၂၀၂၁ ခုနှစ်တွင် ကျဆင်းသွားသည့် လူဦးရေစာရင်းကို အာဏာပိုင်များက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့လူ့ဦးရေအများဆုံးနိုင်ငံဖြစ်သည့် တရုတ်၏ လူဦးရေတိုးနှုန်းသည် ၂၀၂၁ ခုနှစ်တွင် ကျဆင်းခဲ့သည်။

“တရားဝင် မွေးဖွားမှုကိန်းဂဏန်းတွေက မတိကျပါဘူး။ မွေးဖွားနှုန်းနဲ့ သေဆုံးနှုန်းအကြား ကွာဟချက်က နည်းနည်းလောက်ပဲရှိတော့တယ်။ တရားဝင်ထုတ်ပြန်တဲ့ ပုံမှန်လူဦးရေတိုးနှုန်းတွေဟာ မစစ်မှန်တော့ဘူး။ အဲဒါ ဝါဒဖြန့်ဖို့ပဲ” ဟု လန်ဒန် စီးပွားရေးနှင့်နိုင်ငံရေးသိပ္ပံကျောင်းမှ စီးပွားရေးသမိုင်းပါမောက္ခ ကန်ဒန်းက ပြောသည်။

တရုတ်နိုင်ငံတွင် မွေးဖွားနှုန်း ၀ ဒသမ ၇၅၂ ရာခိုင်နှုန်းနှင့် သေဆုံးနှုန်း ၀ ဒသမ ၇၁၈ ရာခိုင်နှုန်းရှိကာ ပုံမှန်လူဦးရေးတိုးနှုန်း ၀ ဒသမ ၀၃၄ ရှိသည်ဟု နိုင်ငံ့စာရင်းအင်းဗျူရိုက ထုတ်ပြန်ထားသည်။ ၂၀၂၀ ခုနှစ်တွင် ပုံမှန်လူဦးရေတိုးနှုန်းသည် ၀ ဒသမ ၁၄၅ ရှိသည်ဟု Nikkei Asia ကဖော်ပြသည်။

လူဦးရေကျဆင်းမှုအပါအဝင် တရုတ်စစ်တပ်ကို အားနည်းစေသော မည်သည့်ပြောင်းလဲမှုမဆို တရုတ်ကွန်မြူနစ်ပါတီအုပ်ချုပ်မှုကို အားနည်းစေလိမ့်မည်ဟု ကန်ဒန်းက ဆိုသည်။

နိုင်ငံ့စာရင်းအင်းဗျူရိုအရ တရုတ်နိုင်ငံ၏လူဦးရေသည် ၂၀၂၁ ခုနှစ်အကုန်တွင် ၁ ဒသမ ၄၁ ဘီလီယံရှိခဲ့ပြီး ယမန်နှစ်ကထက် ၄၈၀ ၀၀၀ ဦး တိုးခဲ့သည်။

အိမ်ထောင်ပြုနှုန်း ဆက်တိုက်ကျဆင်းလာခြင်းသည် မွေးဖွားမှုနှုန်းများကို ကျဆင်းလာစေကာ နောက်ဆုံးတွင် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ၏ လူဦးရေပြဿနာကို ဦးတည်သွားစေလိမ့်မည်ဟု အစီရင်ခံစာ က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly