ဇေယန်မာလစ်ခ်၏ တစ်ကိုယ်တော် တေးသီချင်း” Pillowtalk” ဗြိတိန်တစ်ကိုယ်တော် တေးသီချင်းဇယားတွင် ထိပ်ဆုံးမှရပ်တည်

ဇေယန်မာလစ်ခ်၏ တစ်ကိုယ်တော် တေးသီချင်း” Pillowtalk” ဗြိတိန်တစ်ကိုယ်တော် တေးသီချင်းဇယားတွင် ထိပ်ဆုံးမှရပ်တည်

နယူးယော့ခ်၊ ဖေဖော်ဝါရီ ၆ ။           ။ One Direction အဖွဲ့ဝင်ဟောင်း ဇေယန်မာလစ်ခ်၏ တစ်ကိုယ်တော်တေးသီချင်း” Pillowtalk” သည် ဗြိတိန်တစ်ကိုယ်တော် တေးသီချင်း ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။

ဇေယန်မာလစ်ခ်၏”Pillowtalk” တေးသီချင်းသည် နားဆင်သူ ၄ ဒသမ ၉၇ သန်းနှင့် ရောင်းချရမှု ၁၁၂၀၀၀ ရရှိထားကြောင်း  Official Charts ကုမ္ပဏီက ပြောကြားသည်။

မာလစ်ခ်၏ ” Pillowtalk”  တေးသီချင်းသည် တစ်ကိုယ်တော် တေးသီချင်းဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေသော ရှိုးမန်ဒက်စ်၏ “ Stitches”တေးသီချင်းနေရာကို အစားထိုးဝင်ရောက်ခဲ့ပြီး မန်ဒက်စ်သည် နံပါတ်သုံးနေရာသို့ ရောက်ရှိခဲ့သည်။ ဂျိုးနက်စ်ဘလူး၏ “ Fast Car” တေးသီချင်းသည် နံပါတ်နှစ်နေရာတွင် ရပ်တည်ခဲ့သည်။

ရီဟားနား၏ “ Work” တေးသီချင်းသည် နံပါတ် ၁၃ နေရာမှ နံပါတ် လေးနေရာသို့ ရောက်ရှိခဲ့ပြီး ဂျက်စတင်ဘီဘာ၏” Love Yourself ” တေးသီချင်းသည် နံပါတ် ၅ နေရာတွင် ရပ်တည်ခဲ့သည်။

တေးသီချင်းအယ်လ်ဘမ် ဇယားတွင်   ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့သော ဒေးဗစ်ဘိုဝီ၏ “ Best of Bowie” တေးသီချင်းအယ်လ်ဘမ်သည် ၎င်း၏ နောက်ဆုံးထွက်ရှိခဲ့သော “ Blackstar” တေးသီချင်း အယ်လ်ဘမ်နေရာကို အစားထိုးဝင်ရောက်ခဲ့ပြီး ဇယားတွင် ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့သည်။ဘိုဝီ ဇန်နဝါရီလက မကွယ်လွန်မီ  ထွက်ရှိခဲ့သော နောက်ဆုံးတေးသီချင်း အယ်လ်ဘမ် “Blackstar”သည် နံပါတ် ၂ နေရာတွင် ရပ်တည်နေသည်။

ဘိုဝီသည် ၂၀၀၉ ခုနှစ်က မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ခဲ့ပြီးသည့် အချိန်မှစ၍ ခြောက်နှစ်တာ ကာလအတွင်း    တေးသီချင်းအယ်လ်ဘမ်ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည့် ပထမဆုံး တေးဂီတပညာရှင် ဖြစ်သည်။

 တေးအယ်လ်ဘမ် ဇယားတွင် ဆီအာ၏ “ This Is Acting” တေးသီချင်းအယ်လ်ဘမ်သည် နံပါတ် သုံးနေရာတွင် ရပ်တည်နေပြီး အဒဲလ်၏ “ 25” တေးသီချင်းအယ်လ်ဘမ်သည် နံပါတ် ၄ နေရာတွင် ရပ်တည်နေကာ ဂျက်စတင်ဘီဘာ၏ “ Purpose” တေးသီချင်းအယ်လ်ဘမ်သည် နံပါတ် ၅ နေရာတွင် ရပ်တည်နေသည်။ရီဟားနား၏ အဌမမြောက် တေးသီချင်းအယ်ဘ်ဘမ် “ Anti” သည် နံပါတ် ၇နေရာတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly