တင်းမာနေခဲ့သည့် ဆက်ဆံရေးကို ပြင်ဆင်ရန် ပါကစ္စတန်က အိန္ဒိယနှင့် အလွတ်သဘော ဆက်သွယ်ဆွေးနွေး

By The Print
05 June 2022
တင်းမာနေခဲ့သည့် ဆက်ဆံရေးကို ပြင်ဆင်ရန် ပါကစ္စတန်က အိန္ဒိယနှင့် အလွတ်သဘော ဆက်သွယ်ဆွေးနွေး

နိုင်ငံရေး ဝရုန်းသုန်းကားဖြစ်မှုနှင့် ပိုမို နက်ရှိုင်းလာနေသော စီးပွားရေး အခြေအနေများ ရှိနေသည့် ပါကစ္စတန်သည် ယင်း၏ အိမ်နီးချင်း အိန္ဒိယနှင့် တင်းမာနေခဲ့သည့် ဆက်ဆံရေးကို ပြင်ဆင်ရန် အရေးတကြီး လိုအပ်လျက် ရှိသည်။

နျူကလီးယား လက်နက်များ ကိုယ်စီပိုင်ဆိုင်ထားကြသည့် အိမ်နီးချင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုင်းတွင် မတိုးသာ မဆုတ်သာ အခြေအနေကို ချိုးဖျက်ဖောက်ထွက်ရန် ပါကစ္စတန်နှင့် အိန္ဒိယတို့သည် “အလွတ်သဘော လျှို့ဝှက်” ဆွေးနွေးမှုများ လုပ်ဆောင်ထားခဲ့သည်ဟု ယင်းအခြေအနေနှင့်ပတ်သက်ပြီး သိရှိသည့် အစိုးရ သတင်းရင်းမြစ်များက ပြောကြောင်း The Express Tribune မီဒီယာက ဖော်ပြသည်။

ဂျမူးနှင့် ကက်ရှ်မီးယား၏ အထူးအဆင့်အတန်းကို အိန္ဒိယက ရုပ်သိမ်းခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ယိုယွင်းဆိုးရွားထားခဲ့သည်။

ယင်းနောက်ပိုင်း သံတမန်ဆက်ဆံရေး အဆင့်အတန်းလျှော့ချခြင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှု ရပ်ဆိုင်းခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး စနစ်တကျရှိသည့် ညှိနှိုင်းဆွေးနွေးမှုများလည်း မရှိခဲ့ပေ။

သို့သော် ပါကစ္စတန်၏ လက်ရှိဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် အစိုးရ တာဝန်မယူခင်ကတည်းက နှစ်နိုင်ငံသည် တစ်ဖက်နှင့် တစ်ဖက် သိုသိုသိပ်သိပ် ဆက်ဆံပြောဆိုထားခဲ့သည်ဟု The Express Tribune မီဒီယာက ဖော်ပြသည်။

အလွတ်သဘော ဆွေးနွေးမှုများကြောင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် အပစ်ရပ်စဲမှုဆိုင်ရာ နားလည်မှု သဘောတူညီချက် သက်တမ်းတိုးမှုကို ဖြစ်စေခဲ့ကာ ယင်းနောက်ပိုင်း အပစ်ရပ်မှုကို ထိန်းထားနိုင်ခဲ့ပြီး အပစ် ရပ်စဲမှုကို ချိုးဖောက်သည့် ကြီးမားသည့် ဖြစ်စဉ်မျိုးလည်း မပေါ်ပေါက်ခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required