တရုတ်ကွန်မြူနစ်ပါတီက ကျဆင်းနေသော စီးပွားရေးကိုကယ်တင်ရန် နည်းလမ်းအသစ်များကို စတင်

တရုတ်ကွန်မြူနစ်ပါတီက ကျဆင်းနေသော စီးပွားရေးကိုကယ်တင်ရန် နည်းလမ်းအသစ်များကို စတင်

တရုတ်သမ္မတရှီကျင့်ဖျင်က လူများနှင့် ပိုမိုကင်းကွာလာစေသည့် ကိုဗစ်ကင်းစင်ရေး မူဝါဒ မဖျက်သိမ်းရေးကို ထားသော်လည်း ၎င်း၏ ပါတီက ကျဆင်းနေသော စီးပွားရေးကို တည်ငြိမ်အောင်ပြုလုပ်ရေးအတွက် အစီအမံများ ဖော်ဆောင်နေသည်။

ယင်းအချက်က စီးပွားရေးကျဆင်းနေမှုကို အစိုးရက မလွန်အမင်းစိုးရိမ်နေကြောင်းကို ဖော်ပြနေသည်။

နိုင်ငံတော်ကောင်စီ၏ အပြီးသတ်ဆောင်ရွက်ချက်များသည် မီဒီယာများက 'တရုတ်၏ ကိုဗစ်ကင်းစင်ရေး မူဝါဒမှ စီးပွားရေး အရွှေ့အပြောင်း၊ ရင်းနှီးမြှုပ်နှံသူနှင့် စားသုံးသူများ၏ ယုံကြည်မှုကို ကျဆင်းစေမှုနှင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ရှုပ်ထွေးမှုများ' ဟု ခေါ်ဆိုမှုကို သက်သေပြနေကြောင်း The Singapore post ၏ သတင်းတွင် ပါရှိသည်။

အပြီးသတ်ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် တန်ဖိုးမြှင့်အခွန် ပြန်အမ်းငွေများ ပေးသည့် လုပ်ငန်းနယ်ပယ်များ ထပ်မံတိုးချဲ့ခြင်း၊ အခက်ကြုံနေသောကဏ္ဍများနှင့် လုပ်ငန်းအမျိုးအစားအချို့အတွက် ပင်စင်အာမခံကြေးပေးချေမှုမူဝါဒကို သက်တမ်းတိုးခြင်း၊ အသေးစားနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအား ချေးငွေအတွက် ပံ့ပိုးကူညီမှုပမာဏကို ၂ ဆတိုးစေခြင်း၊ ပြည်တွင်းနှင့် ပြည်ပဈေးကွက်များတွင် ကုမ္ပဏီများကို စတော့ကုန်စည်ဒိုင်တွင် စာရင်းဝင်ရန် အားိိေးခြင်း၊ မော်တော်ကားဝယ်ယူခြင်းဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းတို့ပါဝင်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အစိုးရအနေဖြင့် အလုပ်လက်မဲ့ဖြစ်နေသော လူများအားအလုပ်အကိုင်များပေးရန် ရည်ရွယ်သည့် ကျေးလက် လမ်းဖောက်လုပ်ခြင်းနှင့် ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းပိုင်းကို အရေးတကြီးစတင်ရန်အဆိုပြုထားသည်။

၂၀၂၂ခုနှစ်တွင် ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို တည်ဆောက်ရန် နောက်ထပ်အဆိုပြုထားသည်။

ကိုဗစ်ကင်းစင်ရေးမူဝါဒဆက်လက်တည်ရှိနေပြီး ပြည်သူများက အဓိကပြဿနာများကို ရှောင်လွှဲနေပါက ယင်းအစီအစဉ်များသည် အသုံးမဝင်ပေ။ သမ္မတရှီ မှလွဲ၍ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခုကမျှ ယင်းကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပေ။

ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင် ဦးဆောင်သောတရုတ်ကွန်မြူနစ်ပါတီ (CCP) နိုင်ငံရေးကော်မတီ၏ ပေါ်လစ်ဗျူရိုက ဦးဆောင်သည့် အရေးပေါ်အစည်းအဝေးကို ကောင်စီက လိုက်နာရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly