တိဗက်လူမျိုးတို့၏ ဘာသာရေးဆိုင်ရာ ကျင့်ထုံးများကို ဟန့်တားရန် တရုတ်အစိုးရက စည်းမျဉ်းများပြောင်းလဲ

By The Print
03 June 2022
တိဗက်လူမျိုးတို့၏ ဘာသာရေးဆိုင်ရာ ကျင့်ထုံးများကို ဟန့်တားရန် တရုတ်အစိုးရက စည်းမျဉ်းများပြောင်းလဲ

တိဗက်လူမျိုးတို့၏ စစ်မှန်သော ကိုယ်ပိုင်လက္ခဏာကို လျော့ပါးသွားစေရန် ကြိုးပမ်းသည့်အနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် လားမားအရိုက်အရာဆက်ခံစေခြင်းဆိုင်ရာ မူဝါဒများနှင့် စည်းမျဉ်းများကို ပြုပြင်ပြောင်းလဲရန် စတင်လိုက်ခြင်းသည် တိဗက်အသိုက်အဝန်း၏ဘာသာရေးကျင့်ထုံးများကို အဟန့်အတား ဖြစ်စေပေလိမ့်မည်။

အရိုက်အရာဆက်ခံစေခြင်းဓလေ့သည် တိဗက်ဗုဒ္ဓဘာသာ၏ အလွန်ရှေးကျသော အစဉ်အလာတစ်ခုဖြစ်ပြီး ဗုဒ္ဓ ဘာသာကိုးကွယ်သူများနှင့် ဆရာတော်ကြီးများ၏ အလွန်သီးသန့်ဆန်သော ကိုယ်ပိုင်ဓလေ့တစ်ခုဖြစ်သည်။

ယင်းဓလေ့က စစ်မှန်သော ကိုယ်ပိုင်လက္ခဏာကို ထိခိုက်စေသလို တရုတ်၏ အဓိကစိုးရိမ်မှုစရာမှာ ဒလိုင်းလားမား၏ အရိုက်အရာဆက်ခံစေမှုဖြစ်သည်ဟု တွေးထင်လာခဲ့ပြီး တရုတ်သည် တိဗက် ဘာသာရေးအဝန်းအဝိုင်းကို စတင်နှောင့်ယှက်လာခဲ့သည်။

တရုတ်နိုင်ငံသည် အရိုက်အရာ ဆက်ခံစေခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ကို ၂၀၀၇ ခုနှစ်တွင် အတည်ပြုခဲ့ပြီး ယင်းဥပဒေအရ ၎င်းတို့သည် တိဗက်ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများကို ထိန်းချုပ်ရုံသာမက နောက်ဆုံးတွင် လားမားများကို ရွေးချယ်ရာတွင်ပါ ဝင်ရောက်စွက်ဖက်ခဲ့သည်ဟု The Singapore Post ကဖော်ပြသည်။

အခြေခံအားဖြင့် ဥပဒေသည် တရုတ်နိုင်ငံ၏ အခွင့်အာဏာကို တရားဝင်ဖြစ်စေရန်နှင့် ယင်းကိစ္စနှင့်ပတ်သက်ပြီး တိဗက်ရွှေ့ပြောင်းများမပါဝင်ရန် ကြိုးပမ်းသည့်အနေဖြင့် အရိုက်အရာဆက်ခံသည့် ရွေးချယ် ဆက်ခံခြင်း လုပ်ငန်းစဉ်တွင် မည်သည့် နိုင်ငံခြားမှ အဖွဲ့အစည်း သို့မဟုတ် လူတစ်ဦးချင်းစီတိုင်းအား မပါဝင်နိုင်ရန် ပြဋ္ဌာန်းထားသည်။

ယင်းဥပဒေသည် ၁၄ ဆက်မြောက် ဒလိုင်းလားမားနှင့် အနာဂတ်လူဝင်စားရွေးချယ်မှုများကို ရည်ရွယ် ထားခြင်း ဖြစ်သလို တရုတ်အစိုးရ၏ သဘောတူညီချက်ရယူရန် လူတစ်ဦးချင်းစီသည် ဒလိုင်းလားမားအရိုက်အရာ ဆက်ခံမှုအတွက် လျှောက်လွှာတင်ရန် လိုအပ်သည်။

တရုတ်သည် တိဗက်အရေးကိစ္စများတွင် အမြဲနှောက်ယှက်နေပြီး ဘာသာရေးအလေ့အထများ ကျင့်သုံးခြင်း ကိုလည်း ပြင်းပြန်းထန်ထန် ရှုတ်ချသည်။

တရုတ်အာဏာပိုင်များသည် မကြာသေးမီက WeChat အပါအဝင် လူမှုမီဒီယာပေါ်၌ ဘာသာရေး အကြောင်း အရာများ ဝေမျှထားသည့်အကြောင်းအရာများကို တားမြစ်ခဲ့သောကြောင့် တိဗက်တွင် ဗုဒ္ဓဘာသာကို တရုတ် လက္ခဏာအသွင်ပြောင်းရန် ဆက်လက်လုပ်ဆောင်နေသည်။

တရုတ်သမ္မတရှီကျင့်ဖျင်က ဘာသာရေးဆိုင်ရာ အစိုးရမူဝါဒများကို ဆန့်ကျင်ပြောဆိုသူများကို အရေးယူရန်နှင့် ဘာသာရေးရည်ရွယ်ချက်များဖြင့် လူမှုကွန်ရက်များကို အသုံးပြုသူများအား ပြင်းပြင်းထန်ထန် အရေးယူရန် မှာကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly