ကပ်ရောဂါကြောင့် ကျဆင်းနေသော စီးပွားရေးအပေါ် တရုတ်ဝန်ကြီးချုပ် သတိပေး

ကပ်ရောဂါကြောင့် ကျဆင်းနေသော စီးပွားရေးအပေါ် တရုတ်ဝန်ကြီးချုပ် သတိပေး

တရုတ်တွင် ကိုဗစ်-၁၉ မဟာဗျူဟာက နိုင်ငံ၏ တိုးတက်မှုကို ထိခိုက်လာချိန်တွင် ပုံမှန်မဟုတ်သည့် သတိပေးချက် တစ်ခုကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံ၏ စီးပွားရေးကို တည်ငြိမ်စေရေးကို ပိုမိုလုပ်ဆောင်ရန် တရုတ် ဝန်ကြီးချုပ်က တောင်းဆိုခဲ့သည်။

တရုတ်သည် အစုလိုက်အပြုံလိုက်စမ်းသပ်မှုနှင့် ဗိုင်းရပ်စ်အစုအဝေးများကို ဖယ်ရှားရန် ပြင်းထန်သော ကန့်သတ်ပိတ်ဆို့မှုမူဝါဒကို ဆက်လက်ဖော်ဆောင်နေသည့် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော်လည်း တင်းကျပ်သောကန့်သတ်ချက်များကြောင့် စီးပွားရေးလုပ်ငန်းများကို ထိခိုက်ပျက်စီးစေခဲ့သည်။

ရှန်ကျန်းနှင့် ရှန်ဟိုင်း၏ ကုန်ထုတ်လုပ်မှုအချက်အချာနေရာများ၊ ရိက္ခာအိုးကြီးဖြစ်သည့် ကျီလင်းပြည်နယ် အပါအဝင် မကြာသေးမီလများအတွင်း နိုင်ငံတစ်ဝန်းကန့်သတ်ချက်များသည် ထုတ်လုပ်ဖြန့်ဖြူးရေး ကွင်းဆက်များကို ရှုပ်ထွေးစေပြီး စီးပွားရေးအညွှန်းကိန်းများကို ၂နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားစေခဲ့သည်။

ယခုအခါ စိန်ခေါ်မှုများသည် '၂၀၂၀ ပြည့်နှစ် ကပ်ရောဂါစတင်ဖြစ်ပွားသည့် အချိန်ထက် ပိုမိုကြီးမားသည်' ဟု ဝန်ကြီးချုပ် လီခါ့ချင်က မေ ၂၅ ရက်တွင် နိုင်ငံတော်ကောင်စီ အစည်း အဝေး၌ ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

'တစ်နှစ်ပတ်လုံး စီးပွားရေးလမ်းကြောင်းကို အဆုံးအဖြတ်မည့် အရေးကြီးသောလမ်းဆုံတွင် မိမိတို့ ရောက်ရှိနေသည်' ဟု လီကို ကိုးကား၍ ဆင်ဟွာက ဖော်ပြခဲ့သည်။

တာဝန်ရှိသူများက ဒုတိယသုံးလပတ်တွင် 'ကျိုးကြောင်းဆီလျော်သော' တိုးတက်မှုရှိရန် သေချာပြုလုပ် စေသင့်ကြောင်း လီက ပြောကြားခဲ့ပြီး လျာထားရည်မှန်းချက် ၅ ဒသမ ၅ ရာခိုင်နှုန်းမရမည်ကို စိုးရိမ်မှု များရှိနေသည်။

ဗဟိုဘဏ်နှင့် ဘဏ်လုပ်ငန်းကြီးကြပ်ရေးအာဏာပိုင်အဖွဲ့က စီးပွားရေးအပေါ် ဖိအားများကို ကိုးကား၍ ချေးငွေ တိုးမြှင့်ပေးရန် ဘဏ္ဍာရေးအဖွဲ့အစည်းများကို တိုက်တွန်းခဲ့သည်ဟု တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။

စက်ရုံထွက်ကုန် ၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းနေချိန်တွင် ဧပြီလတွင် နှစ်အလိုက် လက်လီရောင်းချမှုသည် ၁၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားသောကြောင့် ယင်းသည် ကိုဗစ်-၁၉ အကျပ်အတည်း၏ အစောပိုင်းကာလ နောက်ပိုင်း အဆိုးရွားဆုံးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly