တရုတ်တွင် ပါတီနှင့် အစိုးရ၏ အကျင့်စာရိတ္တ မြှင့်တင်ရေးဆိုင်ရာ ကျင့်ဝတ်များ ချိုးဖောက်သူ ၁၁၃၅၁ ဦးကို ပြစ်ဒဏ်ပေး

တရုတ်တွင် ပါတီနှင့် အစိုးရ၏ အကျင့်စာရိတ္တ မြှင့်တင်ရေးဆိုင်ရာ ကျင့်ဝတ်များ ချိုးဖောက်သူ ၁၁၃၅၁ ဦးကို ပြစ်ဒဏ်ပေး

တရုတ်တွင် ပါတီနှင့် အစိုးရ၏ အကျင့်စာရိတ္တ မြှင့်တင်ရေးဆိုင်ရာ ကျင့်ဝတ်ရှစ်ချက်ကို ချိုးဖောက်သည့် အတွက် ထိပ်တန်းလာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့က ဧပြီလတွင် လူ ၁၁၃၅၁ ဦးကို အပြစ်ဒဏ်ပေးခဲ့သည်။

အပြစ်ပေးသည့် အမှုပေါင်း ၇,၄၄၁ မှုရှိခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ စည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင်နှင့် အမျိုးသားကြီးကြပ်ရေးကော်မရှင်၏ လစဉ်ထုတ်ပြန်ချက်ကို ကိုးကား၍ ဆင်ဟွာ သတင်း ဌာနက ဖော်ပြခဲ့သည်။

ယင်းတို့အနက် ၇,၆၀၃ ဦးသည် ပါတီ စည်းကမ်း သို့မဟုတ် စီမံခန့်ခွဲရေး ပြစ်ဒဏ်များခံခဲ့ရသည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ကျင့်ဝတ်များအတွက် သို့မဟုတ် ဗျူရိုကရေစီကျင့်ထုံးများအတွက် လူ၆,၄၁၁ ဦးကို ဒဏ်ခတ်အရေးယူခဲ့ပြီး ၄,၉၄၀ ဦးကို အပျော်ကျူးခြင်းနှင့် အသုံးစရိတ်များခြင်းကြောင့် အပြစ်ပေးခဲ့ကြောင်း တရုတ်မီဒီယာ အေဂျင်စီက ဖော်ပြခဲ့သည်။

၂၀၁၂ခုနှစ်တွင် CPC သည် မလိုလားအပ်သော အလုပ်အလေ့အကျင့်များကို တိုက်ဖျက်ရန် ယင်း၏ ခြွေတာမှုဆိုင်ရာ စည်းမျဉ်းရှစ်ချက်ကို ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly