ပါရီ၊ ဖေဖော်ဝါရီ ၆ ။ ။ ၁၉၅၇ ခုနှစ်ထုတ် ပြိုင်ကားတစ်စင်းဖြစ်သော Ferrari 335 Sport Scaglietti ကို ဖေဖော်ဝါရီ ၅က ပါရီတွင် ပြုလုပ်သော လေလံပွဲတစ်ခုတွင် စံချိန်တင်ဈေးနှုန်း ယူရို ၃၂သန်း( အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၆ သန်း) ဖြင့် ရောင်းချခဲ့ရသည်။
ထိုခေတ်အခါက အကျော်ကြားဆုံးပြိုင်ကားမောင်သူအချို့သည် ယင်းကားဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ယင်းကားကို ထုတ်လုပ်သည့် အီတလီထုတ်လုပ်သူသည် ၁၉၅၇က Constructors' World Champianship ဆုကိုရရှိခဲ့သည်။
ယခင်က စံချိန်မှာ ဖယ်ရာရီ အမျိုးအစားပင်ကားတစ်စင်းပင် ဖြစ်သည့် 250 GTO က ၂၀၁၄က ယူရို ၂၈ဒသမ၅သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း Artcurial Motocars လေလံကုမ္ပဏီမှ မန်းနေဂျင်း ဒါရိုက်တာ မက်သယူးလာမူရေးက ပြောကြားခဲ့သည်။