ဝီဂါတက်ကြွလှုပ်ရှားသူများက တရုတ်၏ လူမျိုးတုံးသတ်ဖြတ်မှုကို အရေးယူရန် ကုလသမဂ္ဂကို တိုက်တွန်းကာ အမေရိကန်၌ ဆန္ဒပြ

ဝီဂါတက်ကြွလှုပ်ရှားသူများက တရုတ်၏ လူမျိုးတုံးသတ်ဖြတ်မှုကို အရေးယူရန် ကုလသမဂ္ဂကို တိုက်တွန်းကာ အမေရိကန်၌ ဆန္ဒပြ

ဝီဂါအဖွဲ့အစည်း၏ အခွင့်အရေးများကို ကာကွယ်ပေးရန် ကူညီနေသော တက်ကြွလှုပ်ရှားသူများသည် မေ ၂၉ ရက်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ရှိ လွှတ်တော်အဆောက်အဦရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ပြီး တရုတ်က ကျူးလွန်သည့် လူမျိုးတုံးသတ်ဖြတ်မှုအပေါ် အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂအား တိုက်တွန်းလိုက်သည်။

လူ့အခွင့်အရေးလှုပ်ရှားသူများက အာဏာရ တရုတ်ကွန်မြူနစ်ပါတီသည် လုံခြုံရေးအမည်ခံဖြင့် ရှင်ကျန်းတွင် လူများကို အကျဉ်းစခန်းများတွင် ချုပ်နှောင်ထားခြင်း၊ မိသားစုများကို အတင်းအကျပ် ခွဲထုတ်ခြင်းနှင့် အတင်းအကြပ် သားကြောဖြတ်ခြင်းများလုပ်ဆောင်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေကြောင်း စွပ်စွဲပြောဆိုထားသည်။ တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ထိန်းသိမ်းရေးစခန်းများမှ အသက်ရှင်ကျန်ရစ်သူ မိသားစုဝင်များကို လွှတ်ပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများက ကုလသမဂ္ဂသည် ဝီဂါအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဟုလည်း ပြစ်တင်ရှုတ်ချခဲ့ကြသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးမင်းကြီး မီချဲလ်ဘက်ချလက်သည် ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုတွင် ကြံရာပါဖြစ်သည်ဟုလည်း ဆန္ဒပြဆိုင်းဘုတ်များတွင် ရေးထားသည်။

မီချဲလ်ဘက်ချလက်သည် ၆ ရက်တာ တရုတ်ခရီးစဉ်ကို မေလ ၂၈ ရက်က အဆုံးသတ်ခဲ့ပြီး အစည်းအဝေးများတွင် တရုတ်အရာရှိများနှင့် ပြတ်ပြတ်သားသား ဆွေးနွေးရမည့်အစား ခရီးစဉ်သည် စုံးစမ်းစစ်ဆေးခြင်းပြုလုပ်သည့် ခရီးစဉ်မဟုတ်ဟု ပြောဆိုခဲ့သည့်အတွက် ဝေဖန်မှုအကြီးအကျယ်ခံရပြီးနောက် အမေရိကန်လွှတ်တော်ရှေ့ ဆန္ဒပြပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ မီချဲလ်ဘက်ချလက်နှင့်အဖွဲ့ တရုတ်သို့ သွားရောက်သည့်ခရီးစဉ်ကို ကန့်သတ်ရန်နှင့် ထိန်းချုပ်ရန် တရုတ်၏ကြိုးပမ်းအားထုတ်မှုများကို စိုးရိမ်ကြောင်း အမေရိကန်က မေ ၂၉ ရက်တွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly