အိန္ဒိယ၏ ယူကရိန်းဆိုင်ရာ မူဝါဒက ရုရှားနှင့် ဆက်စပ်သည့် တရုတ်၏ အခန်းကဏ္ဍအပေါ် မူတည်နေ

By The Print
02 June 2022
အိန္ဒိယ၏ ယူကရိန်းဆိုင်ရာ မူဝါဒက ရုရှားနှင့် ဆက်စပ်သည့် တရုတ်၏ အခန်းကဏ္ဍအပေါ် မူတည်နေ

ယူကရိန်းဆိုင်ရာ အိန္ဒိယ၏ မူဝါဒကို ပုံဖော်နေသည့် အဓိကအချက်မှာ တရုတ်က ရုရှား၏ အခန်းကဏ္ဍနှင့် ဆက်စပ်နေခြင်းဖြစ်သည်။

ရုရှားသည် အိန္ဒိယသို့ အရေးပါသော လက်နက်နှင့် စွမ်းအင်ထောက်ပံ့ပေးသူဖြစ်သည်။ အိန္ဒိယနှင့် ရုရှား ဆက်ဆံရေးသည် အချိန်၏ စမ်းသပ်ခံခဲ့သည်။ ဒိုခ်လန်ကိစ္စနှင့် ဂယ်လ်ဝမ်ချိုင့်ဝှမ်းတိုက်ပွဲများ ဖြစ်ပွားသည့် အချိန်တွင် ရုရှားသည်ကြားနေခဲ့ပြီး ရုရှား- အိန္ဒိယ - တရုတ် (RIC-China (RIC) မူဘောင်များကို ဆက်လက် အာရုံစိုက်ခဲ့သည်။

အိန္ဒိယသည် တရုတ်နှင့် အငြင်းပွားနေသော နယ်နိမိတ်ထိစပ်မှုများရှိနေပြီး ယင်းကို တရုတ်က တစ်ဖက်သတ် ပြန်လည်သတ်မှတ်ရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ရာတွင် ၂၀၂၀ပြည့်နှစ် ဂယ်လ်ဝမ် ပဋိပက္ခသည် ဥပမာ ဖြစ်ရပ်တစ်ခုဖြစ်သည်။

ပဋိပက္ခအလွန်တွင် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းတစ်ခုအဖြစ် ယင်းမူဘောင်သည် အိန္ဒိယအပေါ် ရုရှား၏ အမြင်ကို မီးမောင်းထိုးပြနေသည်။

အခြားအဓိကကျသည့်အချက်မှာ အိန္ဒိယ၏ “ဗဟိုအာရှဆက်သွယ်ရေးမူဝါဒ” အတွက် တံခါးပေါက်တစ်ခုအဖြစ် ရုရှား၏ အခန်းကဏ္ဍဖြစ်သည်။

အိန္ဒိယသည် ဗဟိုအာရှနိုင်ငံများနှင့် ဆက်ဆံရေးခိုင်မာစေရန် ကြိုးပမ်းလျက်ရှိသည်။ တရုတ်ကလည်း ယင်းဒေသတွင်း၌ သြဇာချဲ့ထွင်ရန် မျက်စိကျနေသည်မှာ ထင်ရှားလှသည်။

ရုရှားက အရေးပါသောဒေသတွင်း အင်အားကြီးနိုင်ငံအဖြစ် ထင်ရှားသောအခန်းကဏ္ဍမှ ပါဝင်နေသည်။

ကမ္ဘာ့မြောက်ပိုင်းမှ တောင်ပိုင်းသို့ သယ်ပို့စင်္ကြံ (INSTC) ကဲ့သို့သော အခြေခံအဆောက်အအုံလုပ်ငန်းများသည် အိန္ဒိယကို မြောက်ဥရောပ၊ ဗဟိုအာရှ၊ ကော့ကေးဆပ်ဒေသတို့နှင့် ချိတ်ဆက်ပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly