ယူကရိန်းစစ်ပွဲကို ရုရှားအာရုံစိုက်နေချိန် တရုတ်က ရုရှားပိုင်နက်ကို မျက်စိကျနေ

ယူကရိန်းစစ်ပွဲကို ရုရှားအာရုံစိုက်နေချိန် တရုတ်က ရုရှားပိုင်နက်ကို မျက်စိကျနေ

တရုတ်သည် ရုရှား-ယူကရိန်း စစ်ပွဲကို အခွင့်ကောင်းယူလျက် အရှေ့မြောက်နယ်စပ်ဖျား၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသောကြောင့် ရုရှားပိုင်နက်ထဲသို့ ကျူးကျော်ရန် စဉ်းစားနေပြီလားဟု ကျွမ်းကျင်ပညာများက စိုးရိမ်လာကြသည်။

တရုတ်လေတပ်နှင့်ကြည်းတပ်သည် ယခုနှစ် ဖေဖော်ဝါရီလနှင့်မတ်လများက ရုရှား၏ လူနေကျဲသည့် ခါဘာရော့ဗ်နှင့် ရုရှရီ ဒေသများအနီးရှိ ရုရှရီမြစ်တစ်လျှောက် ရုရှားနယ်စပ်များတွင် လျှို့ဝှက်စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်ဟု ဩစတြေးလျသတင်းစာ The Klaxon ၌ ဆောင်းပါးရှင် အန်သိုနီကလန်က ရေးသားထားသည်။

အရှေ့မြောက်ရှိ ဟာဘင်လေတပ်စခန်းပြင်ပ၌ ကျည်အစစ်များဖြင့်ပစ်ခတ်သည့် လေ့ကျင့်မှုများအပါအဝင် တရုတ်လေတပ်တိုက်ခိုက်ရေးဂျက်လေယာဉ်များနှင့်ဗုံးကြဲလေယာဉ်များနှင့် တရုတ်၏ ၇၈ ကြိမ်မြောက် တင့်ကားနှင့်သံချပ်ကာယာဉ်ဗျူဟာလေ့ကျင့်မှုများ ပြုလပ်ခဲ့သည်။

ထိုဒေသ၌ တရုတ်နှင့်နီးကပ်သော နယ်စပ်မှာ ရုရှားနိုင်ငံသာရှိသောကြောင့် ဤစစ်ရေးလေ့ကျင့်မှုများသည် ထူးဆန်းသည်ဟု ယူဆရသည်။

ယူကရိန်းကို ရုရှားကျူးကျော်မှုကို တရုတ်က လူသိရှင်ကြား ထောက်ခံထားသော်လည်း ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု ကလန်က ဆိုသည်။

“တရုတ်က ပုံမှန်စစ်ရေးလေ့ကျင့်မှုပုံစံနဲ့ ရုရှားနယ်စပ်အနီးမှာ ဖေဖော်ဝါရီလကစပြီး လေတပ်နဲ့ သံချပ်ကာတပ်ဖွဲ့က စစ်ရေးလေ့ကျင့်မှုတွေ လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်” ဟု ဆိုသည်။ 

ကမ္ဘာ့နိုင်ငံများသည် ရုရှား၏ ယူကရိန်းကျူးကျော်မှုနှင့် ထိုင်ဝမ်ရေလက်ကြား၌ တရုတ်၏လှုပ်ရှားမှုများအပေါ် အာရုံစိုက်နေကြသောကြောင့် အူစူရီတစ်လျှောက် တရုတ်၏ စစ်ရေးလေ့ကျင့်မှုများကို သတိမထားမိကြကြောင်း ဆောင်းပါးရှင်က ရေးသားထားသည်။

တရုတ်နှင့်ရုရှားသည် ဒေသတွင်းအငြင်းပွားသည့် သမိုင်းကြောင်းရှိထားသည်။ ၁၉၆၉ ခုနှစ် မတ်လက တရုတ်သည် ဝေးလံခေါင်ဖျားရှိ ဒမ်မန်စကီကျွန်း၌ ရုရှားကို ရုတ်တရက် ချုံခိုတိုက်ခိုက်ခဲ့ပြီး ဆိုဗီယက်နယ်စပ်အစောင့် ၃၁ ဦးသေဆုံးခဲ့ကာ အင်အားကြီး ၂ နှစ်နိုင်ငံအကြား စစ်ဖြစ်လုဆဲဆဲအခြေအနေ ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required