ကုလလူ့အခွင့်အရေးအကြီးအကဲက အကြမ်းဖက်မှုတန်ပြန်ရေးမူဝါဒများကို သုံးသပ်ရန် တရုတ်အား တောင်းဆို

ကုလလူ့အခွင့်အရေးအကြီးအကဲက အကြမ်းဖက်မှုတန်ပြန်ရေးမူဝါဒများကို သုံးသပ်ရန် တရုတ်အား တောင်းဆို

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ မီချဲလ်ဘက်ချလက်က ၆ ရက်ကြာ တရုတ်နိုင်ငံခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီးနောက် အကြမ်းဖက်မှု တန်ပြန်ရေးမူဝါဒများကို ပြန်လည်သုံးသပ်ရန် တရုတ်အား တိုက်တွန်းထားကြောင်း မေ ၂၈ ရက်က ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲက အကြမ်းဖက်မှု၊ အစွန်းရောက်ဝါဒနှင့် သက်ဆိုင်ရာ ဥပဒေများ မူဝါဒများနှင့် ပတ်သက်၍ လူ့အခွင့်အရေးယန္တရား အများအပြားအပေါ် စိုးရိမ်ပူပန်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အစွန်းရောက်တဲ့အကြမ်းဖက်လုပ်ရပ်တွေက ရပ်ရွာကိုကာကွယ်ဖို့ တာဝန်ပေးခံရသူတွေအပါအဝင် ဒုက္ခသည် တွေရဲ့ ဘဝအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်။ ဒါပေမယ့် အကြမ်းဖက်မှုကို တန်ပြန်တဲ့ တုံ့ပြန်မှုတွေကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်ပေါ်စေဖို့ အရေးကြီးတယ်။

သက်ဆိုင်ရာ ဥပဒေနဲ့ မူဝါဒတွေကို အသုံးချတာနဲ့ လူတစ်ဦးချင်းအပေါ် မဖြစ်မနေ ချမှတ်ထားတဲ့ မည်သည့်စီမံချက်မဆို ပိုမို ပွင့်လင်းမြင်သာတဲ့  တရားစီရင်ရေးလုပ်ငန်းစဉ်တွေနဲ့အတူ လွတ်လပ်တဲ့ တရားစီရင်ရေးဆိုင်ရာ ကြီးကြပ် ကွပ်ကဲမှုအောက်မှ ရှိဖို့လိုအပ်ပါတယ်။ တရားခံအားလုံးဟာ နစ်နာမှုအတွက် အလျော်ရအောင်လုပ်ရမယ်” ဟု ၎င်းက ဆိုသည်။

သို့သော် အနောက်ရှင်ကျန်းဒေသ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အွန်လိုင်းမှတွေ့ဆုံခဲ့သလို နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိနှင့် လူချင်းတွေ့ဆုံခဲ့သည့် ရှင်ကျန်းဒေသအပါအဝင် မေ ၂၃ ရက်မှ ၂၈ ရက်အထိ ၆ ရက်တာခရီးစဉ် သည် တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်းမဟုတ်ဘဲ အစိုးရနှင့်ထိတွေ့ဆက်ဆံသည့် အခွင့်အရေးတစ်ခုသာဖြစ်ကြောင်း ဘက်ချလက်က ထပ်လောင်းပြောကြားခဲ့သည်။

“အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးနဲ့ အစွန်းရောက်မှုလျှော့ချရေးအစီအမံတွေကို အသုံးပြုခြင်း အထူးသဖြင့် ဝီဂါနဲ့ တခြားမွတ်စလင်ကြီးစိုးတဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးအပေါ် သက်ရောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေနဲ့ မေးခွန်းထုတ်စရာတွေ ရှိပါတယ်” ဟု ဘက်ချလက်က တရုတ်ခရီးစဉ်အပြီး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်သည် လုံခြုံရေးအမည်ခံဖြင့် ရှင်ကျန်းတွင် ပြည်သူများအား အကျဉ်းစခန်းများတွင် ပိတ်လှောင်ထားခြင်း၊ မိသားစုများနှင့် အတင်းအကျပ်ခွဲထားခြင်းနှင့် အတင်းအကျပ် သားကြောဖြတ်ခိုင်းမှုတို့ကြောင့် အခွင့်အရေး ချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေကြာင်း လူ့အခွင့်အရေးလှုပ်ရှားသူများက စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required