ပက်ခ်ဘိုဂမ် နှင့် ဂျန်နာရာတို့ တွဲခုတ်နေသည်ဟု သတင်းများထွက်ပေါ်

ပက်ခ်ဘိုဂမ် နှင့် ဂျန်နာရာတို့ တွဲခုတ်နေသည်ဟု သတင်းများထွက်ပေါ်

တောင်ကိုရီးယား မင်းသား ပက်ခ်ဘိုဂမ်နှင့် မင်းသမီး ဂျန်နာရာတို့ တွဲခုတ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မကြာသေးမီက ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ပက်ခ်ဘိုဂမ်က ယင်းသတင်းသည် မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

“ကျွန်တော်နဲ့ ဂျန်နာရာတို့ တွဲနေတယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ပျံ့နှံ့နေတာကို သတိပြုမိပါတယ်။ ဒီသတင်းက ကျွန်တော် နဲ့ဂျန်နာရာတို့နှစ်ဦးတွဲနေတယ်လို့ ထင်အောင် ဖန်တီးထားတယ်။ ဒီသတင်းကြောင့် ကျွန်တော် ဂျန်နာရာနဲ့ ခေါ်ပြောတဲ့အခါ ကသိကအောက် ဖြစ်စေတယ်။ ဒီလို အဓိပ္ပါယ်မရှိတဲ့ သတင်းတွေကြောင့် ကျွန်တော် အံ့အားသင့်ခဲ့ရတယ်”ဟု ပက်ခ်ဘိုဂမ်က ဆက်လက်ပြော ကြားသည်။

“ ဒါဟာ ကျွန်တော်ရဲ့ ပထမဆုံးကောလဟာလ သတင်းဖြစ်ပါတယ်။ဒါပေမဲ့ ကျွန်တော် ဂျန်နာရာအတွက် စိတ်မကောင်းပါဘူး။ “ I Remember You” ဇာတ်ကားမှာ အတူသရုပ်ဆောင်ခဲ့တာကြောင့် ဒီလိုကောလဟာလသတင်းတွေ ထွက်လာတာ ဖြစ်နိုင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ကောလဟာလသတင်းတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ဘယ်လိုခံစားရလဲဟု မေးမြန်းခဲ့ရာ ပက်ခ်က” ကျွန်တော် မင်းသားတစ်ယောက်ဖြစ်တဲ့အတွက် ဒီလိုမျိုးကိစ္စတွေက မလွဲဧကန် ကြုံတွေ့ရမယ့် ကိစ္စဖြစ်ပါတယ်။ အာရုံစိုက်မှုတွေအတွက် ကျွန်တော် အမှန်တကယ် ကြိုးစားသွားမှာပါ။ အနာဂတ်မှာ ကျွန်တော် ပိပြီး ဂရုစိုက် သတိထားသွားမှာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly