ကုလလူ့အခွင့်အရေးအကြီးအကဲ၏ ရှင်ကျန်းခရီးစဉ် စောင့်ကြည့်ခံနေရ

By France 24
28 May 2022
ကုလလူ့အခွင့်အရေးအကြီးအကဲ၏ ရှင်ကျန်းခရီးစဉ် စောင့်ကြည့်ခံနေရ

အာဏာရကွန်မြူနစ်ပါတီသည် နှစ်ချီကြာသည့် အသွားအလာပိတ်ဆို့မှုအဖြစ် အနောက်ဖျားဒေသမှ ဝီဂါနှင့်တခြားမွတ်စလင်လူနည်းစု ၁ သန်းခန့်ကို ထိန်းသိမ်းထားသည်ဟု စွပ်စွဲခံထားရပြီး အနောက်နိုင်ငံရှိ အမေရိကန်နှင့်ဥပဒေပြုအမတ်များက ယင်းဖြစ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ထားသည်။

မီချဲလ်ဘက်ချလက်သည် ၆ ရက်ကြာခရီးစဉ်အတွင်း အူရမ်ကီနှင့် ကက်ရှ်ဂါမြို့များသို့ မေ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် သွားရောက်ခဲ့သည်။

ဘက်ချ်လက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက လက်ခံတွေ့ဆုံခဲ့ရာတွင် အဆိုပါခရီးစဉ်သည် နားလည်မှုတိုးမြှင့်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း မေ ၂၃ ရက်ကထုတ်ပြန်သည့် အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။

အစိုးရရုံးများစွာစိုက်သော မြို့တော် အူရမ်ကီကို တရုတ်အစိုးရက ဘာသာရေးအစွန်းရောက်သည့် ဒေသအဖြစ် နှိမ်နင်းခဲ့သည်။ လူဦးရေ ၄ သန်းရှိသော အူရမ်ကီတွင် ဝီဂါအသိုက်အဝန်းအတော်အသင့်ရှိပြီး ၂၀၀၉ ခုနှစ် နှင့် ၂၀၁၄ ခုနှစ်များတွင် လူသေဆုံးသည့် လူမျိုးရေးပဋိပက္ခများဖြစ်ပွားခဲ့သည်။ လူဦးရေ ၇၀၀ ၀၀၀ ရှိသည့် ကက်ရှ်ဂါမြို့သည်လည်း ရှင်ကျန်းတောင်ပိုင်း ဝီဂါများနေထိုင်ရာ ဗဟိုချက်ဖြစ်သည်။

မြို့နှစ်မြို့စလုံး ဆင်ခြေဖုံးများတွင် မကြာသေးမီက တည်ဆောက်ထားသော အဆောက်အအုံကွန်ရက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ထိန်းသိမ်းရေးစခန်းများရှိသည်ဟု ယူဆရသည်။

တရုတ်အစိုးရသည် ဘက်ချ်လက်အား လူ့အခွင့်အရေးချိုးဖောက်မှုများကို အသေးစိတ် စုံစမ်းစစ်ဆေးခြင်းမှ တားမြစ်ပြီး နောက်ကွယ်မှ အကွက်ချစီစဉ်ဖန်တီးထားသည့် ခရီးစဉ်ဖြစ်မည်ကို အခွင့်အရေးလှုပ်ရှားသူများက စိုးရိမ်နေကြသည်။

“ဒီခရီးစဉ်က နစ်နာသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအတွက် အကျိုးမရှိမှာ နိုင်ငံရေးဆုံးရှုံးမှုဖြစ်မှာကို ကျွန်တော်တို့ အလွန်ပဲ စိုးရိမ်ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့မှ ရာဖေးဒေးဗစ်က ပြောသည်။

ဘက်ချ်လက်သည် မေလ ၂၃ ရက်က တရုတ်နိုင်ငံမှ ဒါဇင်ပေါင်းများစွာသော သံတမန်မစ်ရှင်များမှ အကြီးအကဲများနှင့် အွန်လိုင်း၌ တွေ့ဆုံမှုအတွင်း ထိန်းသိမ်းရေးစခန်းများဝင်ရောက်ခွင့်နှင့် အခွင့်အရေးကာကွယ်သူများတွေ့ဆုံမှုအတွက် အာမခံချက်ပေးခဲ့ကြောင်း ပေကျင်းရှိ သံတမန်အရင်းအမြစ်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required