တရုတ်စီးပွားရေး ပြန်လည်ဦးမော့လာချိန်တွင် ဓာတ်အား ကုန်ကျစရိတ် မြင့်တက်လာခြင်းကြောင့် အခက်အခဲသစ်များ ဖြစ်ပေါ်

တရုတ်စီးပွားရေး ပြန်လည်ဦးမော့လာချိန်တွင် ဓာတ်အား ကုန်ကျစရိတ် မြင့်တက်လာခြင်းကြောင့် အခက်အခဲသစ်များ ဖြစ်ပေါ်

သဘာဝပတ်ဝန်းကျင် ဆန်းစစ်မှု တိုးမြင့်လာခြင်းနှင့် လောင်စာဆီ ကုန်ကျစရိတ် မြင့်မားလာချိန်တွင် တရုတ်၏ အကြီးဆုံးပြည်နယ် ၂ ခုရှိ စက်ရုံများအတွက် ဓာတ်အားခများကို မြှင့်တင်ခြင်းက စီးပွားရေး တိုးတက်မှု ပန်းတိုင်များကို အရောက်လှမ်းနိုင်ရန် နောက်ထပ် အတားအဆီးတစ်ခု ဖြစ်လာ သည်။

တရုတ်၏ ဒုတိယအကြီးဆုံးစီးပွားရေးပြည်နယ်ဖြစ်သော ကျန်းစုပြည်နယ်သည် စက်ရုံကြီး ၃၀ ခန့်အတွက် စွမ်းအင်ထိရောက်မှုလျာထားချက်များကို လွဲချော်သွားခြင်း သို့မဟုတ် ခေတ်မမီတော့သော စက်ကိရိယာများကို အသုံးပြုခြင်းကြောင့်သော်လည်းကောင်း အခွန်တိုးမြှင့်လိုက်သည်။

တောင်ဘက်ရှိ အိမ်နီးချင်းပြည်နယ်ဖြစ်သော ကျီကျန်းပြည်နယ်သည် မြင့်မားသော သဘာဝဓာတ်ငွေ့ ကုန်ကျ စရိတ်များကိုကာမိစေရန် စက်ရုံပေါင်း ၆၀ဝ ကျော်အတွက် နှုန်းထားများမြှင့်တင်ရန် သဘောထား တောင်းခံ ထားသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်လာပြီး ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးနှင့် တရုတ်၏ စီးပွားရေးကို ယခင်က ညစ်ညမ်းစေသော စက်မှုလုပ်ငန်းများမှ ပိုမိုထိရောက်သော နည်းပညာမြင့် ကဏ္ဍများဆီသို့ ကူးပြောင်းရန် အစိုးရ၏ အာရုံစိုက်မှုကို အလေးပေးဖော်ပြချိန်တွင် ယင်းကိစ္စရပ်ဖြစ်ပေါ်လျက်ရှိသည်။

သို့သော် ဓာတ်အားဈေးနှုန်းများ မြင့်မားခြင်းသည် တရုတ်အစိုးရအတွက် နှစ်စဉ်ပြည်တွင်း အသားတင် ထုတ်ကုန်တိုးတက်မှု ရည်မှန်းချက် ၅ ဒသမ ၅ ရာခိုင်နှုန်းကို ပြည့်မီရန် ပိုမိုခက်ခဲစေလိမ့်မည်ဖြစ်ပြီး ယင်းသည် ကိုဗစ်-၁၉ ကင်းစင်ရေးကန့်သတ်ချက်များကြောင့်လည်း မလှမ်းဝေးနေပြီဖြစ်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် ၄ ခုအတွင်း တရုတ်၏ စီးပွားရေး အံ့ဖွယ်မှာ ဈေးပေါပြီး ပေါများသော ကျောက်မီးသွေး စွမ်းအင်အပေါ် တစ်စိတ်တစ်ပိုင်း မှီခိုခဲ့ခြင်းကြောင့် ဖြစ်သည်။

သို့သော် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းမှစတင်၍ လေထုညစ်ညမ်းမှုလျှော့ချရန်နှင့် ရာသီဥတု ရည်မှန်းချက်များ ပြည့်မီရန် ကြိုးပမ်းမှုတွင် ဒေသဆိုင်ရာတာဝန်ရှိသူများသည် ကာဗွန်အများဆုံးထုတ်လုပ်သည့်စက်ရုံများ အတွက် အကန့်အသတ်မရှိဈေးနှုန်းမြှင့်ခွင့်အပါအဝင် စက်မှုလုပ်ငန်းအသုံးပြုသူများအတွက် လျှပ်စစ်မီတာခများ တိုးမြှင့် ခွင့်ပြုခဲ့သည်။

အကြမ်းဖျင်းအားဖြင့် တောင်ကိုရီးယားနိုင်ငံ စီးပွားရေးအရွယ်အစားရှိသော ကျန်းစုပြည်နယ်တွင် မေလ ၁ရက်မှ စတင်၍ လျှပ်စစ်ဓာတ်အား ဈေးနှုန်းများကို ၁ ကီလိုဝပ်နာရီလျှင် ဝ ဒသမ ၅ ယွမ် (စင်ကာပူဒေါ်လာ ၁၀ ဆင့်) အထိ မြှင့်တင်ခဲ့ကြောင်း BJX.com မှ ပထမဆုံး အစီရင်ခံတင်ပြပြီး ဒေသခံစီမံကိန်း အေဂျင်စီက အတည်ပြုခဲ့သည်။

ကရိန်းတည်ဆောက်သည့်စက်ရုံ၊ အထည်အလိပ်နှင့် ရေနံဓာတုစက်ရုံများအပါအဝင် စက်ရုံများ ကို ထိခိုက်နစ်နာစေမည်ဖြစ်ပြီး ယင်းကုမ္ပဏီများသည် ထုတ်လုပ်မှု GDP တစ်ယူနစ်လျှင် စွမ်းအင်သုံးစွဲမှု လျှော့ချရန် အစိုးရ၏ လျာထားချက်များကို ပြည့်မီရန် ပျက်ကွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly