တရုတ်၏ နယ်ချဲ့ရေးဝါဒနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

တရုတ်၏ နယ်ချဲ့ရေးဝါဒနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

ဂျပန်နိုင်ငံ တိုကျိုမြို့၌ Quad အဖွဲ့မှ ကမ္ဘာ့ခေါင်းဆောင်များ တွေ့ဆုံကြပြီးနောက် တိဗက်၊ ဝီဂါမွတ်စလင်နှင့် ဟောင်ကောင်နိုင်ငံသားများအပါအဝင် တက်ကြွလှုပ်ရှားသူများသည် တရုတ်အရေးနှင့်ပတ်သက်၍ Quad အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များကိုဖိအားပေးရန် ဂျပန်ပါလီမန်အပြင်ဘက်၌ စုဝေးခဲ့ကြသည်။

တက်ကြွလှုပ်ရှားသူနှင့်ဆန္ဒပြသူပေါင်း ၄၀၀ ထက်မနည်းက နိုင်ငံတွင်းမှာသာမက ပြည်ပတွင်ပါ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေသော တရုတ်အပေါ် ပြင်းထန်သောအရေးယူမှုများ လုပ်ဆောင်ရန် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့်အမေရိကန်တို့အား အပြင်းအထန် တိုက်တွန်းခဲ့ကြသည်။

‘ဟောင်ကောင်လွတ်လပ်ရေး’၊ ‘တော်လှန်ရေး’နှင့် ‘ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုတွေ ရပ်’ ဟူသော စာတန်းများကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

တရုတ်၏ လုပ်ရပ်များသည် အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးကို ရေရှည်ထိခိုက်စေကြောင်းနှင့် Quad အဖွဲ့အနေဖြင့် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို အကောင်အထည်ဖော်လိုပါက တရုတ်ကို တန်ပြန်ရန် ပြင်းထန်သော ခြေလှမ်းများ လှမ်းရမည်ဟု ဆန္ဒပြသူများက ပြောကြားခဲ့သည်။

တိုကျို၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါတို့အကြား ဆွေးနွေးသည့် အကြောင်းအရာများတွင်  ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်မှုလည်း အပါအဝင်ဖြစ်သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ဟောင်ကောင်ရှိ ဖြစ်ပေါ်တိုးတက်မှုများနှင့် ရှင်ကျန်းဝီဂါကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အလေးအနက်ထားဆောင်ရွက်ရမည့် စိုးရိမ်မှုများကို မျှဝေကြပြီးနောက် ကီရှီဒါက ဘိုင်ဒင်နှင့် တိုးတက်မှုများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။

ထိပ်သီးခေါင်းဆောင်နှစ်ဦးစလုံးသည် ခေါင်းဆောင်အဆင့် အပါအဝင် တရုတ်နိုင်ငံနှင့် ပွင့်လင်းမြင်သာစွာ ဆက်သွယ်မှု၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး ဘုံအကျိုးစီးပွားရှိသည့် နေရာတိုင်းတွင် တရုတ်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် ရည်ရွယ်ချက်များကို ပြောဆိုခဲ့ကြကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required