ပရီးမီးယားလိဂ်တွင် ပြစ်ဒဏ်အကျူးလွန်ဆုံးအသင်းမှာ မန်ယူအသင်းဖြစ်နေ

ပရီးမီးယားလိဂ်တွင် ပြစ်ဒဏ်အကျူးလွန်ဆုံးအသင်းမှာ မန်ယူအသင်းဖြစ်နေ

ဖော်ဝါရီ ၅၊ မန်ချက်စတာ။              ။ ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပြစ်ဒဏ်ကျူးလွန်မှုအများဆုံးအသင်းမှာ မန်ယူအသင်းဖြစ်ကြောင်း အချက်အလက်များက ဖော်ပြနေသည်။

ယခုနှစ်တွင် ဘောလုံးပိုင်ဆိုင်မှုနှင့် ခံစစ်ကိုအသားပေးကစားနေသော နည်းပြဗန်ဟားလ်၏ မန်ယူအသင်းသည် ပြစ်ဒဏ် ၃၀၂ ကြိမ်ကျူးလွန် ထားသည်။

ယင်းအနက် ၃၉ ကြိမ်ကို ကွင်းလယ်ကစားသမား ရှနိုက်ဒါလင်းတစ်ဦးတည်းက ကျူးလွန်ထားသည်။ ပြစ်ဒဏ်ဒုတိယအများဆုံးကျူးလွန်ထား သည့်အသင်းမှာ စပါးအသင်းဖြစ်ပြီး အကြိမ် ၃၀၀ ကျူးလွန်ထားသည်။ ယင်းမှာနည်းပြ ပိုချက်တီနိုအနေဖြင့် ကြံ့ခိုင်မှုပိုင်းကို အသားပေး ကစားစေလျှက်ရှိကြောင်း ပြသနေခြင်းဖြစ်သည်။

ပြစ်ဒဏ်အများဆုံးကျူးလွန်သည့် ထိပ်ဆုံးငါးသင်းတွင် ခရစ္စတယ်ပဲလေ့စ်၊ အက်စတွန်ဗီလာနှင့် ချယ်လ်ဆီးအသင်းတို့လည်း ပါဝင်နေသည်။ ပရီးမီးယားလိဂ်ချန်ပီယံဆုမှန်းနေသည့် အာဆင်နယ်အသင်းမှာ ပြစ်ဒဏ်ကျူးလွန်မှုအနည်းဆုံးအသင်းဖြစ်ပြီး ၂၁၆ ကြိမ်ကျူးလွန်ထားသည်။

အဲဗာတန်အသင်းမှာမူ အသန့်ရှင်းဆုံးအသင်းဖြစ်ပြီး ၁၉၈ ကြိမ်သာ ပြစ်ဒဏ်ကျူးလွန်ထားသည်။ တန်းမဆင်းရအောင်ရုန်းကန်နေရသည့် အက်စတွန်ဗီလာအသင်းမှ ကွင်းလယ်ကစားသမား ဂူရီမှာ အညစ်ပတ်ဆုံးကစားသမားဖြစ်ပြီး ၄၅ ကြိမ်ထိ ပြစ်ဒဏ်ကျူးလွန်ထားသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly