အမေရိကန်-အာဆီယံ ထပ်သီးအစည်းအဝေးနှင့် မြန်မာ့အရေး(ဆောင်းပါး)

26 May 2022
အမေရိကန်-အာဆီယံ ထပ်သီးအစည်းအဝေးနှင့် မြန်မာ့အရေး(ဆောင်းပါး)

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ မေ ၁၂ ကနေ ၁၃ ရက် အထိ နှစ်ရက်တာကျင်းပသွားခဲ့ပါတယ်။ ဒီအစည်းအဝေးဟာ အာဆီယံ-အမေရိကန် ဆွေးနွေးဖက်ဆက်ဆံရေး (၄၅)နှစ်ပြည့် အထိမ်းအမှတ် ပူးတွဲကျင်းပတဲ့ အထူးအစည်းအဝေးပွဲဆိုပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်တစ်နိုင်ငံ ကတော့ တက်ရောက်ခွင့်မရခဲ့ပါဘူး။ အားလုံးသိတဲ့အတိုင်း ဒီမိုကရေစီအစိုးရဆီကနေ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အုပ်စုကြီးစိုးနေတဲ့ မြန်မာနိုင်ငံပဲဖြစ်ပါတယ်။ ဒီမိုကရေစီ စံနှုန်းတွေကိုတန်ဖိုး ထားတဲ့အမေရိကန်လိုနိုင်ငံအနေနဲ့ ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ စစ်ကောင်စီဘက်တော် သားတွေကို တက်ရောက်ခွင့်မပြုခဲ့တာကလည်းရှင်းပါတယ်။ စစ်ကောင်စီခေါင်းဆောင် စိတ်ကြိုက်ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဘူး ဆိုတာ သက်သေပြချင်လို့ပဲဖြစ်တယ်။
#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly