ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံ တောင်ကြီးမြို့တွင်ကျင်းပ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံ တောင်ကြီးမြို့တွင်ကျင်းပ

မေ ၂၆

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ သုံးနှစ်တစ်ကြိမ်ပြုလုပ်လေ့ရှိသည့် ညီလာခံကို ယနေ့ မေလ၂၆ ရက်နေ့ နံက်ပိုင်းအချိန်မှစတင် ကျင်းပနေကြောင်း သိရသည်။

အဆိုပါညီလာခံသည် ပါတီ၏ဖွဲ့စည်းပုံအရ ကျင်းပသော ညီလာခံဖြစ်ပြီး မေလ ၂၆ နှင့် ၂၇ ရက်တို့တွင် နှစ်ရက်တာကျင်းပပြုလုပ်မည်ဖြစ်ပြီး ညီလာခံအတွင်း ပါတီ၏ ဗဟိုအလုပ်မှုဆောင်နှင့် ဗဟိုကော်မတီအသစ်များကိုလည်း ရွေးချယ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“ဗဟိုကော်မတီ၊ဗဟိုအလုပ်မှုဆောင်ကော်မတီ အသစ်တွေ အဆင့်ဆင့်တင်မြှောက်တာရှိမယ်၊ သက်ဆိုင်ရာမြို့နယ်ကိုယ်စားပြုတွေကို ရွေးရမယ်၊ လွှမ်းခြုံပြီးပြောရရင်တော့ ထိပ်ပိုင်းခေါင်းဆောင်တွေတော့ ပြောင်းလဲစရာမရှိဘူး” ဟု SNLDပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်ကယမန်နေ့ မေလ၂၅ရက်နေ့က မဇ္ဈိမကို ပြောဆိုထားသည်။

ယခုပြုလုပ်နေသည့်ညီလာခံတွင် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီးဆွေးနွေးရန်ရှိပြီး လာမည့် ၂၀၂၃ခုနှစ် စစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲ ဝင်မဝင်နှင့်ပတ်သက်၍မူ ထည့်သွင်း ဆွေးနွေးသွားမည်မဟုတ်ကြောင်း သိရသည်။

SNLDပါတီသည် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် သက်တမ်းရင့်ပါတီတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲတွင်လည်း မဲအများဆုံးရရှိခဲ့သည့် တိုင်းရင်းသားပါတီတစ်ခုဖြစ်သည်။

ဓာတ်ပုံ - sai kyaw nyunt

#ရှမ်းပြည်နယ်

#တောင်ကြီးမြို့

#ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)

#ညီလာခံကျင်းပ

#ရွေးကောက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required