လူ့အခွင့်အရေး အခြေအနေအကဲဖြတ်ရန် ကုလအထူးကိုယ်စားလှယ် အာဖဂန်နစ္စတန်သို့ သွားရောက်

By The Khaama Press
25 May 2022
လူ့အခွင့်အရေး အခြေအနေအကဲဖြတ်ရန် ကုလအထူးကိုယ်စားလှယ် အာဖဂန်နစ္စတန်သို့ သွားရောက်

ကုလသမဂ္ဂ၏ အာဖဂန်နစ္စတန် လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ရစ်ချတ် ဘန်းနတ်သည် ယခုလထဲ အာဖဂန်နစ္စတန်နိုင်ငံသို့ ခရီးစဉ် သွားရောက်လျက်ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက သတင်းထုတ်ပြန်သည်။

ရစ်ချတ် ဘန်းနတ်၏ အာဖဂန်နစ္စတန်နိုင်ငံ ခရီးစဉ်သည် မေ ၁၅ ရက်မှ ၂၆ ရက်အထိ ဖြစ်သည်။

၎င်း၏ ခရီးစဉ်အတွင်း ဘန်းနတ်သည် တာလီဘန် တာဝန်ရှိသူများ၊ နိုင်ငံတကာနှင့် နိုင်ငံသား ကိုယ်စားလှယ်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်များ၊ အခြားသက်ဆိုင်ပတ်သက်သူများနှင့် တွေ့ဆုံမည် ဖြစ်ပြီး အာဖဂန် နစ္စတန်ရှိ လူ့အခွင့်အရေး အခြေအနေကို ဆွေးနွေးမည် ဖြစ်သည်။

ယခု ခရီးစဉ်သည် အာဖဂန်နစ္စတန်၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ပြီး တိုက်ရိုက် သတင်းအချက်အလက်များ ရရှိနိုင်မည့် ကွင်းဆင်း လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်ဟု ဘန်းနတ်က ပြောသည်။

၎င်း၏ လေ့လာတွေ့ရှိချက်များကို ယခုနှစ်ကုန်ပိုင်းတွင် ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် ကုလ အထွေထွေ ညီလာခံတို့ထံ အစီရင်ခံ တင်ပြသွားမည် ဖြစ်သည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စပ်လျဉ်းပြီး စိုးရိမ်ပူပန်မှုများ ထွက်ပေါ်ပြီးနောက် ရစ်ချတ် ဘန်းနတ်ကို အထူးအစီရင်ခံစာတင်သွင်းသူအဖြစ် လွန်ခဲ့သည့် နှစ်လနီးပါးခန့်အကြာက ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly