ဂျီ-၇ က အိန္ဒိယ၏ ဂျုံတင်ပို့မှုကို ထိန်းချုပ်ရန် ဆုံးဖြတ်ချက်အပေါ် တရုတ်က အိန္ဒိယဘက်မှ ကာကွယ်ပြောဆို

ဂျီ-၇ က အိန္ဒိယ၏ ဂျုံတင်ပို့မှုကို ထိန်းချုပ်ရန် ဆုံးဖြတ်ချက်အပေါ် တရုတ်က အိန္ဒိယဘက်မှ ကာကွယ်ပြောဆို

အိန္ဒိယကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများကို အပြစ်တင်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်းကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း တရုတ်က အိန္ဒိယဘက်မှ ကာကွယ်ပြောဆိုလိုက်သည်။

အိန္ဒိယ၏ ဂျုံတင်ပို့မှုကို ထိန်းချုပ်ရန် ဆုံးဖြတ်ချက်အပေါ် ဂျီ-၇ က ဝေဖန်ပြီး နောက် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်က အိန္ဒိယအစိုးရသည် ဂျုံကို တားမြစ်ပို့ကုန် အမျိုးအစားအောက်တွင် ထည့်သွင်း ခြင်းဖြင့် ဂျုံတင်ပို့မှုမူဝါဒကို ပြင်ဆင်ခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော အမိန့်ကြေညာစာတွင် အစိုးရက ဂျုံတင် ပို့မှုကို ချက်ချင်းတားမြစ်ထားကြောင်း ဖော်ပြထားသည်။

“အိန္ဒိယကို အပြစ်တင်ခြင်းသည် စားနပ်ရိက္ခာအကျပ်အတည်းကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း” တရုတ် အစိုးရပိုင် Global Times (GT) မှ ဖော်ပြ၍ အိန္ဒိယဘက်မှ ကာကွယ်ပြောဆိုလိုက်ခြင်းသည် အံ့အားသင့်စရာဖြစ်နေသည်။

“အခု ဂျီ-၇ နိုင်ငံတွေက စိုက်ပျိုးရေးဝန်ကြီးတွေက အိန္ဒိယက ဂျုံတင်ပို့မှုကို မပိတ်ပင်ဖို့ တိုက်တွန်းနေတယ်။ ဒါဆို ဂျီ-၇ နိုင်ငံတွေက သူတို့ရဲ့ ပို့ကုန်ကို တိုးမြှင့်ခြင်းအားဖြင့် အစားအစာဈေးကွက် တည်ငြိမ်အောင် လုပ်ဖို့ ဘာကြောင့် မလုပ်ကြတာလဲ” ဟု Global Times အယ်ဒီတာ့အာဘော်က မေးခွန်းထုတ်ခဲ့သည်။

'အိန္ဒိယသည် ကမ္ဘာတွင် ဂျုံဒုတိယအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ကမ္ဘာလုံးဆိုင်ရာ ဂျုံတင်ပို့မှု တွင် ရာခိုင်နှုန်းအနည်းငယ်မျှသာ ပါဝင်ပါသည်။ သို့သော် အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂ နှင့် သြစတြေးလျတို့အပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံအချို့သည် ဂျုံကို အဓိကတင်ပို့ရောင်းချသူများထဲတွင် ပါဝင်သည်” ဟု ယင်းက ထပ်လောင်းပြောကြားခဲ့သည်။

ဖြစ်ပေါ်လာနိုင်သည့်ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကြောင့် အနောက်နိုင်ငံအချို့က ဂျုံတင်ပို့မှုကို လျှော့ချ ရန် ဆုံးဖြတ်ပါက ယင်းတို့သည် ကိုယ်ပိုင်စားနပ်ရိက္ခာဖူလုံရေးအတွက် ဖိအားများနှင့်ရင်ဆိုင်နေရသော အိန္ဒိယ ကို မဝေဖန်သင့်ကြောင်း Global Times သတင်းစာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly