ချင်းမိုင်မြို့တွင် ဦးခွန်ထွန်းဦး၏ အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်မည်

ချင်းမိုင်မြို့တွင် ဦးခွန်ထွန်းဦး၏ အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်မည်

မေ ၂၅

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး၏ တစ်လပြည့်အောက်မေ့ဖွယ် အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားကို ထိုင်းနိုင်ငံရောက် ရှမ်းလူမှုအဖွဲ့အစည်းများစုပေါင်းကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မေလ ၂၉ရက် မွန်းလွဲ ၃နာရီမှစတင်ကာ ချင်းမိုင်မြို့ ဝတ်ခိုတောင် ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါအခမ်းအနားတွင် တစ်လပြည့်ဆွမ်းကပ်လှူဒါန်းခြင်း၊ အတ္ထုပ္ပတ္တိဗီဒီယိုများပြသခြင်း အမှတ်တရစကားပြောကြားခြင်းစသည့်အစီအစဥ်များပါဝင်သည်ဟု အခမ်းအနားစီစဥ်သူများကပြောသည်။

ဧပြီလ ၂၉ ရက်နေ့က ကွယ်လွန်သွားခဲ့သော ဦးခွန်ထွန်းဦးသည် ရှမ်းလူမျိုးအများစုက ခေါင်းဆောင်တစ်ဦးအဖြစ်သတ်မှတ်ထားသူဖြစ်ပြီး ဘဝတစ်သက်တာလုံးတွင် ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက်ကြိုးပမ်းခဲ့သူဖြစ်သည်။

#ထိုင်းနိုင်ငံ

#ချင်းမိုင်မြို့

#ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်

#ဦးခွန်ထွန်းဦး

#အောက်မေ့ဖွယ်အခမ်းအနား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required