ပါကစ္စတန် ဆင်းဒ်ပြည်နယ်၌ ရေရှားပါးမှုကြောင့် တောင်သူများ စပါးမစိုက်ရန် ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

By The Print
21 May 2022
ပါကစ္စတန် ဆင်းဒ်ပြည်နယ်၌ ရေရှားပါးမှုကြောင့် တောင်သူများ စပါးမစိုက်ရန် ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်တွင် ရေရှားပါးမှုကြောင့် တောင်သူများ စပါးစိုက်ပျိုးခြင်း မပြုရန် ပြည်နယ်ဝန်ကြီးချုပ် ဆိုင်ယက်ဒ် မူရက်ဒ် အလီရှားက တိုက်တွန်းထားသည်။

ပါကစ္စတန်နိုင်ငံသည် ၃နှစ်အတွင်း အထူးစိုးရိမ်ဖွယ်ရာအဆင့်ရှိသော ရေရှားပါးမှုကို ရင်ဆိုင်ရနိုင်ကြောင်း သတင်းများတွင် ဖော်ပြလျက်ရှိပြီး ယင်းအခြေအနေအရ ပြည်သူသန်းချီနှင့် ၎င်းတို့၏ မြေယာများအတွက် ရေကို အရေးတကြီး လိုအပ်လိမ့်မည် ဖြစ်သည်။

ဆင်းဒ်ပြည်နယ် ဝန်ကြီးချုပ်သည် မေ ၇ ရက်က ဆေဝမ် ရှာရစ်မြို့ ဒို့စ်တ် ခန်း ကျေးရွာ၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် တောင်သူများကို အထက်ပါအတိုင်း ပန်ကြားသွားခြင်း ဖြစ်သည်။

ရေပေးဝေမှုပိုင်းတွင် ညီမျှမှု မရှိခြင်းအပေါ် အထူးတလည် စိုးရိမ်ပူပန်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

နိုင်ငံတဝန်း၌ ရေကို ညီညီမျှမျှ ပေးဝေရလိမ့်မည် ဖြစ်ကြောင်း ဆင်းဒ်ပြည်နယ်ဝန်ကြီးချုပ်က ပြောခဲ့သည်ဟု Radio Pakistan မီဒီယာက ဖော်ပြသည်။

ခိုင်မာသည့် ရေအရင်းအမြစ်ဆိုင်ရာအခြေခံအဆောက်အအုံကို ဖော်ဆောင်ရာတွင် အကြီးအကျယ် ထိခိုက်စေသည့် ချို့ယွင်းမှုများ ရှိနေခြင်းအပြင် ပါကစ္စတန်ကို မဝေးလှသော ရှေ့ကာလတစ်ခု၌ ခြောက်သွေ့ သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခြင်းအတွက် အဓိက သဘောတူလက်ခံရမည့် အကြောင်းရင်းမှာ ရေ ကဲ့သို့ အရေးတကြီး လိုအပ်နေသော အများပြည်သူဆိုင်ရာ ကိစ္စများတွင် ရင်းနှီးမြှုပ်နှံခြင်း မရှိဘဲ အစဉ်အလာ လုံခြုံရေး လိုအပ်ချက်များတွင်သာ ပိုမို ရင်းနှီးမြှုပ်နှံထားခဲ့သည့် ယင်းနိုင်ငံ၏ အရပ်ဘက်နှင့် စစ်ဘက် ခေါင်းဆောင်များနှင့် အဓိကသက်ဆိုင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly