အီးယူက အာရှတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လို

အီးယူက အာရှတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လို
Photo: EPA

တင်းမာမှု ပြင်းထန်လွန်းသည့်ဒေသဟု ခေါ်ဝေါ်သည့် အာရှတွင် ပိုမို အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လိုကြောင်း ဥရောပသမဂ္ဂ ခေါင်းဆောင်များက မေလ ၁၂ ရက်တွင် ပြောကြားခဲ့ပြီး ဘက်ပေါင်းစုံ ဖြန့်ကျက်သည့် ကမ္ဘာ့စည်းမျဉ်းကို ကာကွယ်ရန် တရုတ်ကို တောင်းဆိုထားသလို တရုတ်၏ ပိုမိုရန်လိုလာခြင်းကိုလည်း သတိပေးခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်၊ ဥရောပကောင်စီဥက္ကဋ္ဌ ချားမစ်ရှဲနှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီရို ကီရှီဒါ တို့ပါဝင်သည့် ဥရောပ-ဂျပန်ထိပ်သီးဆွေးနွေးပွဲအပြီး တိုကျိုမြို့တွင် ပူးတွဲကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိပ်သီးအစည်းအဝေးတွင် တရုတ်အား ပြစ်တင်ပြောကြားခြင်းမပြုလုပ်ရန် တရုတ်က သတိပေးခဲ့ပြီး တစ်ရက် အကြာတွင် ယခုပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

စွမ်းအင်နှင့် အကူအညီပေးရေးကဲ့သို့သော နယ်ပယ်များတွင် ယူကရိန်းအား ရုရှားက ကျူးကျော်မှုကို ကိုင်တွယ် ဖြေရှင်းရန် သုံးပွင့်ဆိုင်အဖွဲ့က ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် နည်းလမ်းများကို ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယူကရိန်းတွင် ရက်စက်မှုများကို ချက်ချင်း ရပ်ဆိုင်းရန် အဆိုပါအဖွဲ့မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် မစ်ရှဲနှင့် ဗွန်ဒါလီယန်တို့က အာရှတွင် ဒေသတွင်း တင်းမာမှုများ ရှိနေခြင်းကို သတိပြုမိကြပြီး ဥရောပသမဂ္ဂက ပိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်လိုကြောင်း ပြောကြားခဲ့သည်။

"အင်ဒို-ပစိဖိတ်ဒေသက ဖွံ့ဖြိုးတိုးတက်သောဒေသတစ်ခုဖြစ်သလို တင်းမာမှု ပြင်းထန်လွန်းသည့် ဒေသလည်းဖြစ်တယ် " ဟု ဗွန်ဒါလီယန်က ပြောကြားခဲ့သည်။

“အရှေ့နဲ့ တောင်တရုတ်ပင်လယ်တွင်း အခြေအနေနဲ့ မြောက်ကိုရီးယားရဲ့ အဆက်မပြတ် ခြိမ်းခြောက်မှုကို ကြည်ပါ”

"ဥရောပသမဂ္ဂက အင်ဒို-ပစိဖိတ်ဒေသမှာ ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်လိုပါတယ်။ ကျွန်တော်တို့ သာယာဝပြောရေးအတွက် အလွန်အရေးကြီးတဲ့ ဒေသတစ်ခုမှာ တာဝန်ပိုယူလိုပါတယ်" 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly