မြန်မာ့နွေဦးအတွက် ချီလီစစ်အာဏာရှင် တော်လှန်ရေးအကြောင်း တစေ့တစောင်း အပိုင်း(၂) - ဆောင်းပါး

23 May 2022
မြန်မာ့နွေဦးအတွက် ချီလီစစ်အာဏာရှင် တော်လှန်ရေးအကြောင်း တစေ့တစောင်း အပိုင်း(၂) - ဆောင်းပါး

အာဏာရှင်ပီနိုချေး ပြုတ်ကျသွားပြီးနောက်ပိုင်း အကူးအပြောင်းကာလမှာတော့ ထုံးစံအတိုင်း ရှုပ်ထွေးမှုတွေ အထိုက်အလျောက်ဖြစ်ခဲ့တာပါပဲ။ ဒီနေရာမှာ ချီလီရဲ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမှာ မဟာဗျူဟာကျတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကဘက်ကို ပိုအသားပေးပြောပါ့မယ်။ မေ့ထားလို့မရတာက ကြေးနီမိုင်းတွင်း အလုပ်သမားတွေပါပဲ။ တော်လှန်ရေးအုပ်စုတွေ ကျယ်ကျယ်ပြန့်ပြန့် ညီညီညွတ်ညွတ် ပေါင်းစည်းနိုင်ခဲ့တာတွေ၊ အကြမ်းမဖက် ဆန့်ကျင်တော်လှန်မှု နည်းလမ်းပုံစံတွေကို ဖန်တီးလှုပ်ရှားမှုတွေကနေ ဆန်းသစ်ပြီး လူအမြောက်အများပါဝင်တဲ့ ဆန္ဒပြပွဲတွေကို စတင်ပေါ်ပေါက်စခဲ့ပြီး အာဏာရှင် ပီနိုချေးကို ထိုင်ခုံကနေ ဆင်းပြေးစေရတဲ့အထိ အထောက်အကူဖြစ်စေခဲ့ပါတယ်။ ချီလီမှာတော့ တော်လှန်ရေး ဦးဆောင်သူတွေဟာ ဘုရားကျောင်းလိုတွေထဲမှာ အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်နည်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ကျကျနနပြုလုပ်ခဲ့ကြတယ်။ သပိတ်တွေထိရောက်အောင် ဘယ်လိုလုပ်မလဲ၊ အာဏာရှင်နဲ့ ဆက်နွှယ်ပတ်သက်တဲ့ စီးပွားရေးတွေ၊ လုပ်ငန်းတွေရဲ့ထုတ်ကုန်တွေကို အများပြည်သူက အားပေးဝယ်ယူတာ မပြုလုပ်ဖို့ ဘယ်လိုစည်းရုံးလှုံ့ဆော်မလဲ၊ ကျနော်တို့ဆီမှာ လက်သုံးချောင်းထောင်ပြတဲ့ symbolic action လိုမျိုး ဘယ်လိုမျိုးလေးတွေ လုပ်ကြမလဲ စတာတွေကို သင်တန်းပေးလေ့ကျင့်ခဲ့ကြတယ်။ အဲ့လိုနည်းလမ်းတွေအတိုင်း ပြည်သူအများစုက ညီညီညွတ်ညွတ်လှုပ်ရှားကြတဲ့အတွက် အာဏာရှင်ကို အတော်လေးခေါင်းခြောက် ကိုင်ရတွယ်ရ ခက်စေခဲ့တယ်။

#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly