မြို့ပြရဲဘော်များအတွက် ထောက်ပံ့ရန် “Urban Project”စတင်ပြုလုပ်

By ဂျာမုန်း
23 May 2022
မြို့ပြရဲဘော်များအတွက် ထောက်ပံ့ရန် “Urban Project”စတင်ပြုလုပ်

“To Comrades- ရဲဘော်များသို့” အဖွဲ့က မြို့ပေါ်တွင် စွန့်စားကာ တော်လှန်ရေးလုပ်ဆောင်နေသည့် ရဲဘော်များအား ထောက်ပံ့နိုင်ရန်ရည်ရွယ်၍ ရန်ပုံငွေရှာဖွေရေး “Urban Project” အား စတင် ကြေညာ လိုက်သည်။

“ကျွန်တော်တို့ရဲဘော်တွေက သူတို့လုပ်မယ့် မစ်ရှင်တစ်ခုစရိတ်အပြင်ကို နေစရိတ်၊ စားစရိတ်၊ အရေး ပေါ်ရှောင်တိမ်းဖို့လိုတဲ့ လုံခြုံရေးလိုအပ်ချက်စရိတ် စတဲ့လိုအပ်ချက်များစွာကြားကနေ ရန်သူ့လက်ထဲ မပါအောင်၊ မသေအောင် ကြိုးစားရှောင်တိမ်းနေကြပြီး ဒီတော်လှန်ရေးကို ဆက်လုပ်နေကြတာပါ” ဟု  To Comrades အဖွဲ့ မြေအောက်ဆက်သွယ်ရေးတာဝန်ခံ ရဲဘော်စောတင်မောင်က ပြောသည်။

 “Urban Project” အတွက် သိန်း ၁၀၀ ရရှိနိုင်ရန် မျှော်မှန်းထားကြောင်းသိရပြီး မေလ ၂၁ ရက်မှ မေလ ၃၁ ရက်အတွင်း မိဘပြည်သူများထံမှ ဘဏ်စနစ်မျိုးစုံဖြင့် အလှူငွေများလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“မိဘပြည်သူတွေကို အလေးအနက်ပန်ကြားချင်တာက မြို့ပြရဲဘော်တွေကို ထောက်ပံ့ကူညီဖို့က မြို့ပြ ပြည်သူတွေပဲရှိတာမလို့ ဒီ Urban Project ကို အားဖြည့်ပေးကြပါ။ ကျွန်တော်တို့ မြို့ပေါ်ကို ပြန်ကြည့်ချိန် တန်ပါပြီခင်ဗျာ” ဟု To Comrades အဖွဲ့ အမှုဆောင်ဒါရိုက်တာ မောင်မျိုးလင်းကလည်း ဆိုသည်။

အဆိုပါ “To Comrades- ရဲဘော်များသို့” ရန်ပုံငွေရှာဖွေရေးအဖွဲ့မှာ စစ်အာဏာရှင်တော်လှန်ရေးတွင် အစွမ်းကုန်ပါဝင်နေကြသည့် မြေပေါ်မြေအောက်ရဲဘော်များအတွက် လိုအပ်ချက်များကို ထောက်ပံ့ဖြည့် ဆည်းပေးရန် ၂၀၂၁ ခုနစ် ဒီဇင်ဘာလ ၃ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

#Mizzima
#UrbanProject
#ToComrades-ရဲဘော်များသို့
#ရန်ပုံငွေ
#စစ်အာဏာရှင်တော်လှန်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly