5G ဆက်သွယ်ရေးစနစ်ကြောင့် အိန္ဒိယ၏ စီးပွားရေး နောက် ၁၅ နှစ်တွင် ကန်ဒေါ်လာ ၄၅၀ ဘီလျံ ရရှိနိုင်မည်

5G ဆက်သွယ်ရေးစနစ်ကြောင့် အိန္ဒိယ၏ စီးပွားရေး နောက် ၁၅ နှစ်တွင် ကန်ဒေါ်လာ ၄၅၀ ဘီလျံ ရရှိနိုင်မည်

အိန္ဒိယအစိုးရက ဒစ်ဂျစ်တယ်ကဏ္ဍသို့ လိုအပ်သည့် အားပေးကူညီမှုများကို ပေးနေသောကြောင့် မျှော်လင့်ထားသည့် ရလဒ်များကို စတင်ရရှိနေပြီ ဖြစ်သည်။ Digital India အစီအစဉ်သည် အိန္ဒိယ၏ လာမည့် မျိုးဆက်အတွက် အဓိက အခြေခံ ဖြစ်လာသည်။

‌အိန္ဒိယနိုင်ငံအနေဖြင့် ဆက်သွယ်ရေးစနစ်တွင် 2G/3G မှ 4G သို့လည်းကောင်း၊ ယခုအခါ 5G သို့လည်းကောင်း သိသာမြင်သာစွာ ကူးပြောင်းသွားခဲ့ပြီဖြစ်ကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှု ဝန်ကြီး ပီယွတ်ရှ် ဂိုယယ်က ပြောကြားသည်။

လာမည့် ၁၅ နှစ်တွင် 5G ကွန်ရက်ကြောင့် အိန္ဒိယ၏ စီးပွားရေးအတွက် အမေရိကန်ဒေါ်လာ ၄၅၀ ဘီလျံ ရရှိနိုင်မည်ဖြစ်သလို ပြည်တွင်းဖြစ် 5G စနစ်သည် အိန္ဒိယအနေဖြင့် မိမိကိုယ်ကို အားကိုးရေးအစီအစဉ် (Aatma Nirbhar Bharat) အတွက် မှတ်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ စီးပွားရေးကို ဒစ်ဂျစ်တယ်စနစ်သို့ အသွင်ပြောင်းခြင်း၊ ဂေဟနစ်ဆောင်ရွက်ချက်များကို အားပေးခြင်း၊ အုပ်ချုပ်ရေးကို တိုးတက်စေခြင်း၊ နေထိုင်ရေး လွယ်ကူစေခြင်းနှင့် နိုင်ငံတွင်း စီးပွားရေး လုပ်ဆောင်ရမှု လွယ်ကူစေခြင်းတို့ ဖြစ်စေနိုင်ကြောင်း လည်း ဝန်ကြီး ပီယွတ်ရှ် ဂိုယယ်က ပြောကြားသည်။

နိုင်ငံသားများအနေဖြင့် ကဏ္ဍအားလုံးတွင် အမှီအခိုကင်းရေးနှင့် မိမိကိုယ်ကို အားထားနိုင်ရေးတို့အတွက် အိန္ဒိယအစိုးရက Atmanirbhar Bharat ကို စီစဉ်အကောင်အထည်ဖော်ခဲ့သည်။ အစိုးရက စိုက်ပျိုးရေးအတွက် ထုတ်လုပ်မှု လုပ်ငန်းများ၊ အခွန်စနစ်များ၊ ရှင်းလင်းပြတ်သားသည့် ဥပဒေများ၊ စွမ်းဆောင်နိုင်သည့် လူသားရင်းမြစ်များနှင့် အားကောင်းသော ဘဏ္ဍာရေးစနစ်တို့ကိုအားကောင်းစေရန် ခိုင်မာသည့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည်။

‌ဒစ်ဂျစ်တယ်အသုံးချမှု ကွာဟချက် ကျဉ်းမြောင်းစေရေးအပါအဝင် လွန်ခဲ့သောနှစ်များအတွင်း ဆက်သွယ်ရေးကဏ္ဍတိုးတက်မှုနှင့် ပတ်သက်၍လည်း ဂိုယယ်က ‌သတင်းအချက်အလက် နည်းပညာနှင့် နောက်ဆုံးပေါ် ဒစ်ဂျစ်တယ် ဆက်သွယ်ရေးသည် ကဏ္ဍတိုင်းအပေါ် သက်ရောက်မှုရှိကြောင်းနှင့် လာမည့်နှစ်များတွင် အိန္ဒိယနိုင်ငံတိုးတက်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မည်ဟု ပြောကြားသည်။

ကျန်းမာရေးအခြေခံအဆောက်အအုံနှင့် ကမ္ဘာပေါ်ရှိ အခြား ထောက်ပံ့မှုစနစ်များကို လွယ်ကူလျင်မြန်စွာ ချိတ်ဆက်နိုင်ခြင်းကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရာတွင် ဒစ်ဂျစ်တယ် ဆက်သွယ်မှုသည် အရေးပါသည့် အခန်းကဏ္ဍဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly