ရှီကျင့်ဖျင် တတိယသမ္မတသက်တမ်း ရယူပြီးနောက် အနီးကပ်အသိုင်းအဝိုင်းကို ပြောင်းလဲမှာလား

ရှီကျင့်ဖျင် တတိယသမ္မတသက်တမ်း ရယူပြီးနောက် အနီးကပ်အသိုင်းအဝိုင်းကို ပြောင်းလဲမှာလား

တရုတ်သမ္မတရှီကျင့်ဖျင်သည် သမိုင်းဝင် တတိယသမ္မတသက်တမ်းကို ရယူပြီးနောက် ၎င်း၏ အနီးကပ်အသိုင်းအဝိုင်းကို ပြောင်းလဲရန် ကြိုးပမ်းလာနိုင်သောကြောင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) ဝန်ကြီးချုပ် လီခေ့ချန်နှင့် အခြား ၅ ဦး၏ ကံကြမ္မာသည် မရေမရာဖြစ်လျက်ရှိသည်။

CCP တွင် မည်သူမျှ စိတ်ချလက်ချ နေ၍မရလောက်အောင် သမ္မတရှီကျင့်ဖျင်က ပုံမှန် အပြောင်းအလဲ ပြုလုပ်သည့် အလွန်အားကောင်းသော ဗဟိုကော်မတီတစ်ခု ရှိသည်။

ပါတီသည် အဖွဲ့ဝင် ၂၅ ဦးပါ ပေါ်လစ်ဗျူရိုကို ရွေးချယ်သည်။ ၎င်းတို့တွင် သမ္မတအပါအဝင် အဖွဲ့ဝင် ၇ ဦးသည် ဩဇာကြီးသော ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီကို ဖွဲ့စည်းပြီး ရှီနှင့် အခြား ၆ ဦး ပါဝင်သည်။ ရှီအနေဖြင့် တတိယအကြိမ်မြောက် သမ္မတဖြစ်လာပါက အငြိမ်းစားယူရန်မှာ စဉ်းစားစရာပင်မလိုတော့ကြောင်း The Hong Kong Post က ဖော်ပြသည်။

သို့သော် ဝန်ကြီးချုပ် လီခေ့ချန် တက်လှမ်းလိမ့်မည်ဟုလည်း ထင်ကြေးပေးမှုများ ရှိနေသည်။ ထိုအခြေအနေသည် ၂၀၁၈ ခုနှစ်က မှန်ကောင်းမှန်နိုင်သည်။ ထိုနှစ်က တရုတ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပြီး သမ္မတအတွက် သက်တမ်း ၂ ကြိမ်ကို ဖယ်ရှားခဲ့ကာ ဝန်ကြီးချုပ်အတွက် မပါပေ။

ထို့ပြင် ရှီက ထိပ်ဆုံးရာထူးကို သိမ်းပိုက်ထားသောကြောင့် လီခေ့ချန်ကို ရာထူးတိုးပေးရန်မှာ လက်တွေ့တွင် မဖြစ်နိုင်ပေ။ ပါတီကွန်ဂရက်၌ အငြိမ်းစားယူလိုက်ပါက လီ၏ အဖြစ်ဆိုးမှာ ဒုံရင်းပြန်ဆိုက်လာပေမည်။ သမ္မတဟောင်း ဟူကျင်တောင်နှင့်နီးစပ်သူ လီကို တစ်ချိန်က ၎င်း၏နေရာကို ဆက်ခံသူအဖြစ် ရှုမြင်ခဲ့သည်။ သို့သော် ရှီကျင့်ဖျင်က လီထက် အလေးပိုသာခဲ့သည်။

အခြားအဖွဲ့ဝင် လီကျန်းရှုသည် တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌဖြစ်သည်။ သူသည် တရုတ်နိုင်ငံတွင် တတိယမြောက် သြဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် လူသိများပြီး ရှီနှင့် နီးစပ်သူဟု ယူဆ ရသည်။ လီကျန်းရှုသည်လည်း အသက် ၇၁ နှစ်ရှိပြီဖြစ်ကာ အနားယူရတော့မည်ဖြစ်သည်။

ဝမ်ယမ်မှာ ၆၇ နှစ်ဖြစ်ပြီး တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ ပါတီအတွင်းရေးမှူးဖြစ်သည်။ သို့သော် ဝန်ကြီးချုပ်လီကဲ့သို့ပင် ဝမ်သည် ဟူကျင်တောင်အဖွဲ့နှင့် နီးစပ်သည်ဟု ယူဆရသည်။ လီကျန်းရှုနှင့် ကျောင်လျဲ့ ကျီတို့သည် ရှီအုပ်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဆိုကြသည်။

လက်ရှိအဖွဲ့ဝင် ၇ ဦးအနက် ၃ ဦးသည် အငြိမ်းစားယူမည်ဟု မျှော်လင့်ရသည်။ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ၂၅ ဦးအနက် အမြဲတမ်းကော်မတီဝင်မှ ၇ ဦးကို ဖယ်လိုက်ပါက ၁၈ ဦး ကျန်ရှိသေးသည်။ အဆိုပါ ၁၈ ဦးအနက် ၉ ဦးသည် ၂၀ ကြိမ်မြောက် ကွန်ဂရက်ကျင်းပသည့်အချိန်တွင် အငြိမ်းစားယူမည့်အသက်အရွယ်သို့ ရောက်ရှိနေမည်ဖြစ်သည်။

ကျန်ရှိသော ၉ ဦးသည် အမြဲတမ်း ကော်မတီအတွက် အလားအလာရှိသော ပြိုင်ဖက်များဖြစ်သည်။ အစဉ်အလာအရ အငြိမ်းစားယူခြင်းဆိုင်ရာ စည်းမျဉ်းများနှင့်အညီဆိုပါက ၎င်းတို့ထဲမှ ၆ ဦးသည် သက်တမ်းတစ်ကြိမ်အတွက် ထမ်းဆောင်နိုင်ပြီး ကျန် ၃ ဦးမှာ သက်တမ်းနှစ်ကြိမ် ထမ်းဆောင်နိုင်သည်။ အဆိုပါ ၉ ဦးအနက် ၃ ဦးကို ကွန်ဂရက်လွှတ်တော် အမြဲတမ်းကော်မတီတွင် ခန့်အပ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly