မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF ပစ်ခတ် ၂ဦးသေဆုံး

22 May 2022
မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF ပစ်ခတ် ၂ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ မေလ၂၁ရက်နေ့က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးသွားကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က လက်နက်ငယ်များအပြင် လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“သေဆုံးတဲ့သူတော့ ရွာခံကိုယ်တိုင်မြင်တာပါ ။ တစ်ယောက်ကတော့ ပွဲချင်းပြီးတာဗျ။ နောက်တစ်ယောက်ကတော့ ပြီးမှလက်နက်ကြီးထိပီးသေတာ” ဟု Natogyi People Defense Force တာဝန်ရှိသူက ပြောသည်။

အဆိုပါ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်သား စုစုပေါင်း ၁၅ ဦးခန့်တပ်စွဲထားခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။

မေလ ၁၉ရက်နေ့ကလည်း နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြင်းခြံမြို့ အမှတ် ( ၂) အခြေခံပညာအထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သေးသည်။

#မန္တလေးတိုင်း

#မြင်းခြံမြို့နယ်

#ကွမ်းစိုက်ရွာ

#Natogyi People Defense Force

#စစ်ကောင်စီတပ်ဖွဲ့

#ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly