ဗြိတိန်တွင် ဆေးဝါးပစ္စည်းလိုအပ်ချက်အတွက် တရုတ်အပေါ် အန္တရာယ်ကြီးစွာ မှီခိုနေရ

ဗြိတိန်တွင် ဆေးဝါးပစ္စည်းလိုအပ်ချက်အတွက် တရုတ်အပေါ် အန္တရာယ်ကြီးစွာ မှီခိုနေရ

ဗြိတိန်၏ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (NHS) က ဆေးဘက်ဆိုင်ရာပစ္စည်းများအတွက် တရုတ်နိုင်ငံ အပေါ် 'အန္တရာယ်ကြီးစွာ မှီခိုနေရသည်' ဟု NHS ထုတ်လုပ်ပံ့ပိုးရေးကွင်းဆက်များတွင် တရုတ်မှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို လေ့လာပြီးနောက် ဗြိတိန်ပညာရှင်အဖွဲ့ Civitas မှ ထုတ်ဝေသည့် အစီရင်ခံစာ၌ ဖော်ပြ ခဲ့သည်။

'NHS ထောက်ပံ့ရေးကွင်းဆက်များတွင် တရုတ်တည်ရှိနေခြင်း- ကျွန်ုပ်တို့၏ ကျန်းမာရေးဝန်ဆောင်မှုကို အနာဂတ်ခြိမ်းခြောက်မှုမှ ကာကွယ်ရန် အဘယ်ကြောင့် လိုအပ်သနည်း' ဟူသော ခေါင်းစဉ်ပေးထားသည့် အစီရင်ခံစာတွင် ယင်းအကြောင်းကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရောက်ဘတ်ကလတ်နှင့် ဒေါက်တာ ရစ်ချက်နော်ရီတို့၏ ဆန်းစစ်ချက်အရ အစိုးရ၏ 'ဘေးအန္တရာယ် ကယ်ဆယ်ရေးစာရင်း' တွင်ပါရှိသော ထုတ်ကုန် ၆ ခုတွင် ၁ ခုသည် တရုတ်မှဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

၂၀၂၁ခုနှစ်တွင် ဗြိတိန်အစိုးရက တရုတ်မှထုတ်လုပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့်အတူ NHS ကို ဆက်လက်လည်ပတ်ရန် ပေါင် ၆ ဒသမ ၂ ဘီလီယံကျော်သုံးစွဲခဲ့ပြီး ယင်းသည် တစ်နှစ်မပြည့်မီ ၃ ဆ တိုးသွားခြင်းဖြစ်သည်။

အနာဂတ်နိုင်ငံခြားရေးပေါ်လစီအဆင်မပြေမှုများအတွက်'တရုတ်က ဆေးဘက်ဆိုင်ရာထောက်ပံ့မှုများကို ပိတ်ပင်နိုင်ကြောင်း' သတိပေးခဲ့ပြီး အရေးပေါ်  'NHS လုံခြုံရေးဥပဒေ' ချမှတ်ရန် တောင်းဆိုထားကြောင်း အစီရင်ခံစာက ဆိုသည်။

'အန္တရာယ်ရှိသော ဗိုင်းရပ်စ်များကို ရှာဖွေရန် အသုံးပြုသည့် စမ်းသပ် မှုနှင့် ရောဂါရှာဖွေရေးပစ္စည်းများ၏ ၃၇ ရာခိုင်နှုန်းကို တရုတ်မှ တင်သွင်းနေရသည်” ဟု ရောက်ဘတ်ကလတ်နှင့် ဒေါက်တာ ရစ်ချက်နော်ရီတို့က တရုတ်အပေါ် NHS မှီခိုအားထားမှု၏ စစ်မှန်သော အတိုင်းအတာကို ဖော်ထုတ်ခဲ့သည်။ 

အောက်ဆီဂျင်၊ ဆေးထိုးအပ်များနှင့် ဆေးထိုးပြွန်များကဲ့သို့သော ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများအားလုံး၏ ၄ ပုံ ၁ပုံ (၂၄ ရာခိုင်နှုန်း)ကို တရုတ်မှ တင်သွင်းရသည်။ NHS ဝန်ထမ်းများဘေးကင်းစေရန် PPE နှင့် အကာအကွယ်ပစ္စည်းများ၏ ၃ ပုံ ၁ပုံ (၃၀ ရာခိုင်နှုန်း)၊ ဆေးရုံ များတွင် ဆေးဝါးများအသုံးပြုသည့် စက္ကူမျက်နှာကာများ အားလုံးနီးပါး ၉၀ ရာခိုင်နှုန်း၊ လက်အိတ် အားလုံး၏ ထက်ဝက်ကျော် (၅၄ ရာခိုင်နှုန်း) နှင့် ပတ်တီးများ၏ ၈၀ ရာခိုင်နှုန်းနီးပါးတို့သည် တရုတ်မှ ဖြစ်သည်။

ကုတင်ဘေးမှ လူနာကုသစောင့်ကြည့် ပစ္စည်းကိရိယာများ၏ ထက်ဝက်နီးပါး (၄၅ ရာခိုင်နှုန်း) ကို တရုတ်မှ တင်သွင်းရပြီး ၂၀၁၅ခုနှစ် တွင် သုညရာခိုင်နှုနိ်းမှ မြင့်တက်လာခြင်းဖြစ်ကာ အရေးပေါ် တွန်းလှည်းများနှင့် ဘီးတပ်ကုလားထိုင်များ၏ ၄၂ ရာခိုင်နှုန်းသည် ယခုအခါ တရုတ်မှ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly