'တရုတ်တစ်နိုင်ငံ' မူဝါဒနှင့် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒတို့က ဆန့်ကျင်ဘက် ဖြစ်နေ

'တရုတ်တစ်နိုင်ငံ' မူဝါဒနှင့် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒတို့က ဆန့်ကျင်ဘက် ဖြစ်နေ

တရုတ်တွင် 'တရုတ်တစ်နိုင်ငံ' မူဝါဒနှင့် 'တစ်နိုင်ငံ၊ စနစ်နှစ်မျိုး' မူဝါဒတို့သည် တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဘက် ဖြစ်နေသည်။

အဆိုပါ 'တရုတ်တစ်နိုင်ငံ' မူဝါဒသည် ဟောင်ကောင်ကို လွှဲပြောင်းရယူပြီးနောက်တွင် ဟောင်ကောင်သားများ ခံစားခဲ့ရသည့် ဒီမိုကရက်တစ် ဓလေ့ထုံးတမ်းများနှင့် အင်စတီကျူးရှင်းများကို ခံစားစေမည်ဟု အလိမ္မာသုံး ကတိပြုခဲ့ခြင်းဖြစ်ပြီး 'တစ်နိုင်ငံ၊ စနစ်နှစ်မျိုး' မူဝါဒတို့သည် ထိုင်ဝမ်ကျွန်းကို သိမ်းပိုက်ရေးအတွက် ဖြစ်သည်။

သို့သော် တရုတ်သည် အခြားနိုင်ငံများနှင့် ဆက်ဆံသည့်အခါတိုင်း ယင်းနိုင်ငံတို့သည် 'တရုတ်တစ်နိုင်ငံမူဝါဒ' ကို လိုက်နာကြောင်း ကြေညာချက် လက်မှတ်ရေးထိုးရသည်။

၂၀၂၀ပြည့်နှစ် ဇူလိုင်လတွင် ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းခြင်းနှင့် ထိုင်ဝမ်ကို ခြိမ်း ခြောက်အကျပ်ကိုင်ရန် ထိုင်ဝမ်ကမ်းရိုးတန်းဒေသများသို့ စစ်သင်္ဘောများနှင့် တိုက်ခိုက်ရေးလေယာဉ်များ စေလွှတ်ခြင်းကဲ့သို့ လုပ်ဆောင်ချက်များကြောင့် 'တစ်နိုင်ငံ၊ စနစ်နှစ်မျိုး' မူဝါဒသည် အလွန်တရာ မနှစ်မြို့ဖွယ်ဖြစ်သည်ဟု Global Strat View က ဖော်ပြခဲ့သည်။

ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေသည် ကျောင်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မီဒီယာနှင့် အင်တာနက် တို့ကို ထိန်းချုပ်ရန် တရုတ်ဗဟိုအစိုးရနှင့် ဟောင်ကောင်အစိုးရတို့ကို ကျယ်ပြန့်စွာအာဏာပေးထားသည်။

ထိုင်ဝမ်အစိုးရ၏ မူဝါဒအတွက် 'တရုတ်တစ်နိုင်ငံ' မူဝါဒကို အခြေခံအုတ်မြစ်အဖြစ် ဖော်ပြခဲ့သည်။ တစ်ဖက် သတ် အခြေခံမူဝါဒကိုင်စွဲထားသသည့် တရုတ်သည် ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေးကို လိုလားသော်လည်း အင်အားအသုံးပြုမှုကို နောက်ဆုံးနည်းလမ်းအဖြစ် ကျင့်သုံးနိုင်သည်။

၁၉၈၄ ခုနှစ် ဇွန်လတွင် တရုတ်အစိုးရပိုင် ဝက်ဘ်ပေါ်တယ်တစ်ခုဖြစ်သည့် တရုတ်အင်တာနက် သတင်းအချက် အလက်စင်တာမှ ဆောင်းပါးတစ်ပုဒ်တွင် 'တစ်နိုင်ငံ၊ စနစ်နှစ်မျိုး' မူဝါဒကို လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။

၁၉၈၄ခုနှစ်တွင် တရုတ်က ဟောင်ကောင်အား 'တစ်နိုင်ငံ၊ စနစ်နှစ်မျိုး' မူဝါဒကို အကောင်ထည်ဖော်ရန် ကတိ ပေးခဲ့သော်လည်း ယခုအခါ ရယ်စရာဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly