သီရိလင်္ကာရှိ နိုင်ငံခြားရေးအရာရှိများအား တရုတ်က ရိက္ခာခြောက်များ ဝေပေးသည့်ကိစ္စ မကျေနပ်မှုများ ဖြစ်ပေါ်

သီရိလင်္ကာရှိ နိုင်ငံခြားရေးအရာရှိများအား တရုတ်က ရိက္ခာခြောက်များ ဝေပေးသည့်ကိစ္စ မကျေနပ်မှုများ ဖြစ်ပေါ်

သီရိလင်္ကာတွင် စီးပွားရေးအကျပ်အတည်း ပြင်းထန်ဆိုးရွားနေပြီး မရှိမဖြစ်လိုအပ်သော ကုန်စည်များ ရှားပါး ပြတ်လပ်ချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို တရုတ်က ရိက္ခာခွဲတမ်းများ ဖြန့်ဝေပေးသဖြင့် ပြည်ပဝန်ဆောင်မှုရေးရာအရာရှိများအသင်း (FSOA) က မကျေနပ်ဖြစ်ခဲ့သည်။

အကျပ်အတည်းဖြစ်ပွားနေသည့် သီရိလင်္ကာတွင် နိုင်ငံခြားရေးအရာရှိများကို သြဇာလွှမ်းမိုးရန် ပဲဟင်း၊ ဆန်နှင့် အခြားပစ္စည်းများ ဖြန့်ဝေပေးရန် တရုတ်၏ ကြိုးပမ်းမှုသည် ပြင်းထန်သော ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ ရသည်။

ရိက္ခာများအားလုံးကို တရုတ်အစိုးရက ဖြန့်ဝေပေးခဲ့သော်လည်း တရုတ်ကွန်မြူနစ်ပါတီအမှတ်တံဆိပ်ကို ရွာသားများအား ပေးသည့် အိတ်များတွင် ဖုံးအုပ်ထားကြောင်း Colombo Gazette က ဖော်ပြခဲ့သည်။

အဆိုးရွားဆုံး လာဘ်ပေးလာဘ်ယူမှုမှာ နိုင်ငံခြားရေးဌာနမှ ဝန်ထမ်းများအား ရိက္ခာခြောက်များ ဝေငှခြင်း ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

“ကမ္ဘာမှာ ဘယ်သံရုံးကမှ ဒီလိုမျိုး နိုင်ငံခြားရေးဝန်ကြီးဌာနကို ပံ့ပိုးကူညီမှုမျိုးမရှိပါဘူး အထူးသဖြင့် သီရိ လင်္ကာလို နိုင်ငံမျိုးမှာ တရုတ်က အခက်အခဲတွေရင်ဆိုင်နေရတဲ့ သူရဲ့ ရည်မှန်းချက်ကြီးတဲ့ ပိုးလမ်းမသစ် စီမံကိန်းသစ် (BRI) ကို ရှေ့ဆက် အကောင်အထည်ဖော်ဖို့ နိုင်ငံရေးသမားတွေနဲ့ အပြင်းအထန် ဆွေးနွေး နေပါတယ်” ဟု သီရိလင်္ကာသတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနသို့ တရုတ် လှူဒါန်းမှုအား နိုင်ငံခြားရေး အတွင်းဝန် ဂျေယာနက် ကိုလံ ဘတ်နှင့် တရုတ်- သီရိလင်္ကာ ချစ်ကြည်ရေး အသင်းတို့က ခွင့်ပြုခဲ့ပြီး အစားအသောက် ထုတ်ကုန်များ ဝယ်ယူရန် ယင်းအသင်းက တရုတ်သံရုံးမှ ငွေကြေးလက်ခံ ရရှိခဲ့သည်။

ယင်း ဖြစ်ရပ်ကြောင့် သီရိလင်္ကာနိုင်ငံခြားရေး ဝန်ဆောင်မှုအရာရှိများအသင်းမှ ကိုယ်စား လှယ်အဖွဲ့သည် နိုင်ငံခြားရေး အတွင်းဝန် ဂျေယာနက် ကိုလံ ဘတ်နှင့် တွေ့ဆုံရာ၍ မကျေနပ်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

တရုတ်သံရုံးက အိမ်ရှင်နိုင်ငံကို အခွင့်ကောင်းယူရန် ကြိုးစားခြင်းက ပထမဆုံးအကြိမ်မဟုတ်ကြောင်း Colombo Gazette က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required