မြောင်မြို့နယ် ရဲမှူးနေအိမ်နှင့် မီးသတ်ရုံး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ 

By OAK
22 May 2022
မြောင်မြို့နယ် ရဲမှူးနေအိမ်နှင့် မီးသတ်ရုံး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ 

စစ်ကိုင်းတိုင်း၊ မြောင်မြို့မရဲစခန်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲမှူးနေအိမ်အား မေလ ၂၁ ရက်နေ့ နံနက်ပိုင်းက ဒရုန်းတွင် အီနာဂါဗုံးသီးချိတ်၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ထံမှသိရသည်။
ထို့အပြင် မီးသတ်ဌာနတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဒရုန်းတွင် ဗုံးသီးချိတ်၍ တိုက်ခိုက်ခဲ့ရာ မီးသတ်ရုံးအတွင်းသို့ ဆေးရုံကားများ ဝင်ရောက်သွားကြောင်း သိရသည်။
“ အီနာဂါစစ်ဆင်ရေးအနေနဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လေးကောင် (စစ်ကောင်စီတပ်သား) သေပြီး နှစ်ကောင် ဒဏ်ရာရတယ်” ဟု CDSOM အဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်သည် မြောင်မြို့နယ်အတွင်း ကျေးရွာများအားမီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား သတ် ဖြတ်ခြင်းများ နေ့စဉ်ရက်ဆက်ပြုလုပ်နေသောကြောင့် ယခုကဲ့သို့ တန်ပြန်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
တိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM)၊ အရှေ့မြောက်ပိုင်း တိုက် ခိုက်ရေးနှင့် ကာကွယ်ရေးအဖွဲ့၊ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့် ကာကွယ်ရေးအဖွဲ့၊ စစ်ကိုင်း ခရိုင်တပ်ရင်း (၁)၊ (၂) တပ်ခွဲ (၃)၊ ပြည်သူ့တပ်မတော်(မြောင်) – Myaung Union Army၊ ကန္တာရသိမ်းငှက်၊ Young Fighter People's Defense Force Of Myaung၊ Black Eagle Defense Force နှင့် Myinmu Civil Revolution Force - CRF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ ညနေ ၃ နာရီလန့်တွင် စစ်ကောင်စီတပ်သည် မြောင်မြို့နယ် မင်းတန်းကျေးရွာအား မီးရှို့ ဖျက်ဆီးခဲ့ပြီး ယနေ့ နံနက်ပိုင်းမှ မီးညွန့်ကျိုးကြောင်း သိရသည်။
#Mizzima
#မြောင်မြို့နယ်
#ဒရုန်း
#အီနာဂါဗုန်းသီး
#CDSOM

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly