တရုတ်ယွမ်ငွေ ပိုမိုအားနည်းလာနိုင်

တရုတ်ယွမ်ငွေ ပိုမိုအားနည်းလာနိုင်

တရုတ်ဗဟိုဘဏ်က ကျဆင်းနေသည့် စီးပွားရေးကို တွန်းအားပေးရန်အတွက် အတိုးနှုန်းလျှော့ချရန် ထပ်မံ ပြင်ဆင်နေခြင်းကြောင့် တရုတ်ယွမ်ငွေသည် လာမည့်ရက်သတ္တပတ်များအတွင်း ပိုမိုအားနည်းလာနိုင်သည်။

ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သတ်မှုများနှင့် အမေရိကန်တွင် အတိုးနှုန်းများ စတင်မြင့်တက်လာခြင်းကြောင့် တရုတ် စီးပွားရေးနှေးကွေးနေချိန်တွင်  မကြာသေးမီရက်သတ္တပတ်များအတွင်း ယွမ်ငွေသည် သိသိသာသာ တန်ဖိုး ကျဆင်း သွားခဲ့သည်။

ရှန်ဟိုင်းဈေးကွက်တွင် မေလ ၁၇ရက်တွင် တစ်ဒေါ်လာလျှင် ၆ ဒသမ ၇၄ ယွမ်အထိ ကျဆင်းသွားကာ ဧပြီလ လယ်နောက်ပိုင်းတွင် ၅ ရာခိုင်နှုန်းကျဆင်းသွားခြင်းဖြစ်ပြီး ၁၈လအတွင်း အနိမ့်ဆုံးကျဆင်းသွားခြင်း ဖြစ်သည် ဟု Asia Nikkei က ဖော်ပြခဲ့သည်။

ထို့ပြင် တရုတ်ဗဟိုဘဏ်ဖြစ်သော တရုတ်ပြည်သူ့ဘဏ်မှ ယွမ်၏ ရည်ညွှန်းနှုန်းကို မေ ၁၇ရက်အထိ ၃ ကြိမ်ဆက်တိုက် အားနည်းသောလားရာဘက်သို့ သတ်မှတ်ခဲ့သဖြင့် ယွမ်ငွေတန်ဖိုး ကျဆင်းသွားခြင်းကို အတိုင်းအတာ တစ်ခုအထိ သည်းခံမည်ကို ဖော်ပြနေသည်။

၂၀၂၂ခုနှစ်တွင် တည်ငြိမ်သော ယွမ်ငွေလဲလှယ်နှုန်းကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ဘဏ္ဍာရေး အန္တရာယ် များကို တားဆီးရန်နှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုရန် ရည်ရွယ်ချက်ကို မတ် ၅ ရက်တွင် တရုတ်အာဏာပိုင်များက ကြေညာခဲ့သည်။

တရုတ်စီးပွားရေးအချက်အချာဖြစ်သော ရှန်ဟိုင်းမြို့တွင် မတ်လနှောင်းပိုင်း၌ ချမှတ်ခဲ့သော ပြင်းထန်သော ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သတ်မှုများကြောင့် တရုတ်ပို့ကုန်တိုးတက်မှုသည် ဧပြီလတွင် ၃ ဒသမ ၉ ရာခိုင်နှုန်းသို့ သိသိသာသာ ကျဆင်းသွားခဲ့ပြီး အခြားမြို့များတွင်လည်း စီးပွားရေးအပေါ် သက်ရောက်မှုများ စတင်လာ ခဲ့သည်။

စိုးရိမ်စရာတစ်ခုမှာ သိသိသာသာ အားနည်းသော ယွမ်ငွေသည် အရင်းအနှီးထွက်ခွာသွားမှု ဖြစ်ပေါ်စေမည့် အန္တရာယ်ရှိနေသည်။

တရုတ်ဗဟိုဘဏ်က ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် အနီးကပ် စောင့်ကြည့်နေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly