တရုတ်ကွန်မြူနစ်ပါတီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးခေါင်းစဉ်အောက်တွင် တိဗက် ရွှေ့ပြောင်းနေထိုင်သူများကို ဖိနှိပ်နေ

တရုတ်ကွန်မြူနစ်ပါတီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးခေါင်းစဉ်အောက်တွင် တိဗက် ရွှေ့ပြောင်းနေထိုင်သူများကို ဖိနှိပ်နေ

တရုတ်ကွန်မြူနစ်ပါတီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနာမည်ခံပြီး တိဘက်တွင် ဒေသခံ ရွှေ့ပြောင်းနေထိုင်သူများကို ဖိနှိပ်မှုများလုပ်ဆောင်နေသလို ကမ္ဘာ့ခေါင်မိုးဟုခေါ်သည့် တိဗက်တွင် မြစ်ဖျားခံသည့် မြစ်ပေါင်းမြောက်မြားစွာကို “သဘာဝပတ်ဝန်းကျင်နှင့် ဟန်ချက်ညီရေး” ဟုခေါ်သည့် လုပ်ဆောင်ချက်ဖြင့် ဆည်များစွာ တည်ဆောက်ခဲ့သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဂျေးဝက်စတာဗီးဂ် တီထွင်ခဲ့သော “သဘာဝပတ်ဝန်းကျင်နှင့် ဟန်ချက်ညီရေး”ဟူသော အသုံးအနှုန်းသည် 'သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုသဟဇာတဖြစ်စေသော လှုပ်ရှားမှုတစ်ခု အဖြစ် ပုံဖော်ခြင်း အလေ့အကျင့်' ဟု Global Order က အစီရင်ခံဖော်ပြခဲ့သည်။

တိရစ္ဆာန်များကို စားကျက်များတွင် အလွန်အမင်း လွှတ်ထားခြင်းက တိဗက်မြက်ခင်းပြင်များ၏ ဂေဟစနစ်ကို သိသိသာသာ ပျက်စီးစေသည်ဟု ရှု့မြင်ပြီး အာဏာပိုင်များက ပညာမဲ့၊ ခေတ်နောက်ကျပြီး ဆင်ခြင်တုံတရား မရှိဟု ရွှေ့ပြောင်းနေထိုင်သူများကို အာဏာပိုင်များက ရှုမြင်သောကြောင့် ပြောင်ရွှေ့နေရာချထားခြင်းနှင့် အထိုင်ချခြင်းကို အရှိန်မြှင့်တင်ရန် ၂၀ဝ၆ ခုနှစ် ကတည်းက တရုတ်ကွန်မြူနစ်ပါတီသည် အကြီးစား အစီအစဉ်များကို အကောင်အထည် ဖော်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

တိဗက်ရွှေ့ပြောင်းနေထိုင်သူများ၏ အစဉ်အလာရိုးလာအတိုင်း တိရစ္ဆာန်များကို စားကျက်များတွင် လွှတ်ထား ခြင်းက တိဗက်တောင်တန်းဒေသများအတွက် အရေးပါပြီး ၎င်းတို့၏ နွားများကို နွေရာသီစားကျက်မှ ဆောင်းရာသီစားကျက်သို့ လှည့်ပတ်သည့်ပုံစံဖြင့် ၎င်းတို့၏ တိရစ္ဆာန်အုပ်များကို ရွှေ့ပြောင်းခြင်း နည်းပညာ သည် တိရစ္ဆာန်များကို စားကျက်များတွင် အလွန်အမင်း လွှတ်ထားခြင်းကို ရှောင်ရှားရန် ကူညီပေးသည်။

ယင်းက မြက်ခင်းပြင်များကို အသစ်ပြုပြင်ခြင်း၊ တောရိုင်းတိရိစ္ဆာန်များ နေထိုင်ရာနေရာများ တိုးတက် ကောင်းမွန်စေပြီး တိဗက်ကုန်းပြင်မြင့်ကို တည်တံ့စေရန် ကူညီပေးသည်ဟု အစီရင်ခံစာက ဆိုသည်။

တိဗက်တွင် တရုတ်က စဉ်ဆက်မပြတ်လုပ်ဆောင်နေသည့် “စိမ်းလန်းသော” မူဝါဒဟု ယူဆရသည့် နောက်ထပ်မူဝါဒမှာ ကုန်းပြင်မြင့်ပေါ်တွင် ဆည်များ အများအပြား တည်ဆောက်ကာ ကျောက်မီးသွေးအပေါ် မှီခိုနေရမှုကို လျှော့ချရေးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly