ကနီမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုနှင့်ပတ်သက် ၍ ဆက်သွယ်မေးမြန်းချက် 

18 May 2022
ကနီမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုနှင့်ပတ်သက် ၍ ဆက်သွယ်မေးမြန်းချက် 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် မြသိန်းတန်ဘုရားကုန်းပေါ်မှ ဆင်းလာသော အင်အား ၂၀၀ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့က မေလ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်က တိုက်မိုင်းအမျိုးအစားဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ အယောက် ၂၀ ကျော်ထက်မနည်း သေဆုံးမှုရှိသည်ဟု သိရသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အပြီး စစ်ကောင်စီ တပ်ဖွဲ့ စစ်ကြောင်းက ရေဘုတလင်ကျေးရွာ နှင့် ချောင်းဝကြီးကျေးရွာ တို့ကို မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့က အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို တိုက်မိုင်းအမျိုးအစားဖြင့် မိုင်းဆွဲတိုက်ခိုက် မှုအခြေအနေကို မဇ္စျိမသတင်းဌာနက သတင်းထောက်ကိုထွန်းထွန်းဝင်းက ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်လုံးကြီးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းထားသည်။

#Mizzima 
#ဆက်သွယ်မေးမြန်းချက်
#စစ်ကိုင်းတိုင်း 
#ကနီမြို့နယ်
#မြသိန်းတန်ဘုရားကုန်း
#စစ်ကောင်စီတပ်သား 
#ကာကွယ်ရေးတပ်ဖွဲ့
#တိုက်မိုင်း
#လက်နက်ကြီး
#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly