CDM လှုပ်ရှားမှုမှသည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သည့် ရဲဘော်လွမ်းဝေ

17 May 2022
CDM လှုပ်ရှားမှုမှသည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သည့် ရဲဘော်လွမ်းဝေ

“ကျွန်တော်တို့ အခု လိုအပ်နေတာ ဆန်မဟုတ်ဘူး လက်နက် ဖြစ်နေတယ်။ ကျွန်တော်တို့က လက်နက်ပဲ ဖက်အိပ် နေရတဲ့ အနေမျိုးဗျာ။ အဲ့တော့ လက်နက်လိုချင်တယ်။ ကျွန်တော်တို့ တိုက်မယ့် တိုက်ပွဲတွေမှာ ထမင်းစားပြီး ပြေးရတာ မဟုတ်ဘူး။ သေနတ်ကိုင်ပြီး ပစ်ချင်တယ်”

ရဲဘော်လွမ်းဝေ သည် ယခင်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုဦးစီးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်း ပြီးနောက် CDM လှုပ်ရှားမှုတွင် ပါဝင်လာခဲ့သည်။

၎င်းနေထိုင်ရာမြို့ မြေအောက် လှုပ်ရှားမှုများတွင် ပါဝင်ရင်း အဖွဲ့ထဲမှ နှစ်ဦး ဖမ်းဆီးခံခဲ့ရ ပြီးနောက် ကရင်ပြည်နယ်သို့ သွားရောက်ကာ ကရင်အမျိုးသား အစည်းအရုံး (KNU ) ထံတွင် သင်တန်း တက်ရောက်၍ ပြည်သူ့ကာကွယ်ရေးတပ်တွင် တာဝန် ထမ်းဆောင်ခဲ့သည်။

ယခုအခါ ဗိုလ်မှူးစောစလုံး ဦးဆောင်သည့် KNDO အထူး ကွန်မန်ဒို တပ်ရင်းတွင် ဒုအရာခံဗိုလ် အဖြစ် စစ်အာဏာရှင်ကို ဆက်လက် တော်လှန် နေသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM )လှုပ်ရှားမှုတွင် ဝန်ထမ်း အများအပြား ပါဝင်ခဲ့သည်။

ရိုက်ကူး/တည်းဖြတ် ဟန်ထူးဇော်

#Mizzima

#CDM

#KNU

#ဒုဦးစီးမှူး

#ရဲဘော်လွမ်းဝေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly