ဆောမြို့နယ်၌ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၂ ဦးလက်နက်များဖြင့် ခိုလှုံ

ဆောမြို့နယ်၌ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၂ ဦးလက်နက်များဖြင့် ခိုလှုံ

မေ ၁၇

မကွေးတိုင်း၊ ဆောမြို့မ ရဲစခန်းမှ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား နှစ်ဦး လက်နက်ခဲယမ်းများဖြင့် ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် ဆောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံ ခိုလှုံခဲ့ကြောင်း ယနေ့ မေလ ၁၇ ရက်တွင် ထုတ်ပြန်သည်။

၎င်းတို့ နှစ်ဦးသည် အူဇီ သေနတ်တစ်လက် ၊ MA3 သေနတ်တစ်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ ကျည်ဆံန်၂၀၀ ကျော်နှင့် အတူ မေလ ၁၁ ရက်နေ့က ဆက်သွယ် ခိုလှုံခဲ့ခြင်း ဖြစ်ပြီး လုံခြုံစိတ်ချရသည့် နေရာသို့ ပို့ဆောင်ထားကြောင်း ဆိုသည်။

“စစ်ကောင်စီဟာ စစ်ရေး နိုင်ငံရေး လူထုထောက်ခံမှု ဘာမှ မရှိတော့တဲ့ အကြမ်းဖက် အဖွဲ့ပါ။ ခုရက်ပိုင်းပဲ နိုင်ငံတကာက NUG ကို ထောက်ခံမှု တစ်ဆင့် တက်လာတာလည်း သိကြမှာပါ။ ဒါကြောင့် လူရော ဂုဏ်သိက္ခာ အရပါ ရှုံးမယ့်ဘက်မှာ ဆက်မနေကြပါနဲ့တော့။ အသိတရားရပြီး သတ္တိရှိရှိ ရုန်းထွက်လိုက်ကြပါ” ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ် ရေး အဖွဲ့ တာဝန်ခံက မဇ္ဈိမ ကိုပြောသည်။

ယင်းနှစ်ဦးအား တစ်ဦးလျှင် ကျပ်သိန်း ၅၀ စီ ချီးမြှင့်ရန် အစီအစဉ်ရှိပြီး မိဘပြည်သူများ အနေဖြင့် ကျပ် ၅၀၀ ၊ ၁၀၀၀ မှ စ၍ တတ်အားသမျှ ဂုဏ်ပြုငွေ ထည့်ဝင်ပေးပါရန် မေတ္တာရပ်ခံထားသည်။

ဆောတိုက်နယ် အုပ်ချုပ်ရေးအဖွဲ့ထံ ပထဦးဆုံး CDM အဖြစ် ခိုလှုံလာခြင်း ဖြစ်ပြီး ဒေသတွင်း အခြား ကာကွယ်ရေးတပ်ဖွဲ့များထံ ခိုလှုံသူ စစ်ကောင်စီနှင့် လက်အောက်ခံ ရဲတပ်သား ဦးရေ ၂၀ ဝန်းကျင်ခန့် ရှိပြီ ဖြစ်ကြောင်း သိရသည်။

မေလ ၁၃ ရက်ကလည်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ပအဖ လိုင်စင်ရ ဆိုင်များတွင် စစ်ကောင်စီထုတ် အရက်၊ ဘီယာများ ရောင်းချခြင်းရှိ ၊ မရှိ စစ်ဆေးကာ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေသော ဘီအီး အဆီများအား ဖမ်းဆီး ဖျက်ဆီးခဲ့ကြောင်း သိရသည်။

#Mizzima

#မကွေးတိုင်း

#ဆောမြို့နယ်

#MA3

#NUG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly