ပြည်ပရောက် မြန်မာများ ထောက်ပံ့တပ်သားအဖြစ် တော်လှန်ရေးတွင် ပါဝင်နိုင်ကြောင်း MFDMC ဖိတ်ခေါ်

16 May 2022
ပြည်ပရောက် မြန်မာများ ထောက်ပံ့တပ်သားအဖြစ် တော်လှန်ရေးတွင် ပါဝင်နိုင်ကြောင်း MFDMC ဖိတ်ခေါ်

မြန်မာ့ နွေဦးတော်လှန်ရေးတွင် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ ထောက်ပံ့တပ်သား အဖြစ် ခံယူကာ အကူအညီ ပေးနိုင်ကြောင်း မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီ အောင်နိုင်ရေး အဖွဲ့ပေါင်းချုပ်-ကိုရီးယား (MFDMC) အဖွဲ့က ဖိတ်ခေါ်ထားသည်။

MFDMC သည် ကိုရီးယား၊ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတကာရောက် မြန်မာပြည်သားများ၏ အစုအဖွဲ့ ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး လက်ရှိထိ ထောက်ပို့တပ်သား ဦးရေ ၈၀၀ ကျော် ရှိကာ နွေဦးတော်လှန်ရေး အလှူငွေ သိန်းပေါင်း ၂၆၃,၂၀၀,၀၀၀ ကျပ် လှူဒါန်းပြီး ဖြစ်သည်။ 

အမျိုးသား ညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ ထောက်ပို့တပ်သား ကတ်များ ထုတ်ပေးနေသည့် အခြေအနေများ ၊ တော်လှန်ရေးကို နိုင်ငံအလိုက် တစ်လတာ အတွက် ပါဝင်ရသည့် အခြေခံ အလှူငွေနှင့် ဆက်သွယ် လုပ်ဆောင်ရမည့် အချက်အလက်များကို MFDMC အဖွဲ့မှ မရွှေမိုး (ကိုရီးယား) နှင့် ထိုင်းနိုင်ငံ KTJ Supporting Group မှ မအေးစုနန္ဒာလွင်တို့ က ရှင်းလင်း ပြောပြထားသည်။

#မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်-ကိုရီးယား(MFDMC)
#ထောက်ပံ့တပ်သား
#KTJSupportingGroup

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly