ထားဝယ်ခရိုင် မေတ္တာမြို့ရှိ ကျောက်မဲတောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် နှစ်ဖက် အကျအဆုံးရှိ

16 May 2022
ထားဝယ်ခရိုင် မေတ္တာမြို့ရှိ ကျောက်မဲတောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် နှစ်ဖက် အကျအဆုံးရှိ

ကိုရွှေမြိတ်
ထားဝယ်၊မေလ(၁၅)

ထားဝယ်ခရိုင် မေတ္တာမြို့ရှိ ကျောက်မဲတောင်ရဲစခန်းကို မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ နှစ်ဦးနှင့်  PDF ဖက်မှ နှစ်ဦး ကျဆုံးခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။
ကျောက်မဲတောင်ရဲစခန်းကို KNDO ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ကျေးရွာကာကွယ်ရေးအဖွဲ့များ၊ ပူးပေါင်း မဟာမိတ်အဖွဲ့များနှင့် အတူဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက “ တိုက်ပွဲကပြင်းထန်းတော့ စစ်ကောင်စီဘက်က စစ်သား တစ်ဦး၊ ရဲတစ်ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် သေဆုံးဒဏ်ရာ ရသူတွေ လည်းရှိနိုင်တယ်။ KNDO နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်ကတော့ နှစ်ဦး ကျဆုံးခဲ့တယ်” ဟု ပြောသည်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင်)မှ ရဲဘော်ဂျပန်နှင့် KNDO Special တပ်ရင်းမှဗိုလ်ဆယ်ပြားတို့ ကျဆုံးခဲ့ကြောင်း KNU KNLD KNDO Boe Eh Kwee Brigade 4 နှင့် ထားဝယ်ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဦး Facebook Page များက ဝမ်းနည်းကြောင်းဖော်ပြထားသည်။

#Mizzima
#ကျောက်မဲတောင်ရဲစခန်း
#ထားဝယ်ခရိုင်
#KNDO
#ဝင်ရောက်တိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly