ကနီမြို့နယ် သင့်ဝင်ကျေးရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ်သား ၁ဝ ဦးသေဆုံးဟုဆို

16 May 2022
ကနီမြို့နယ် သင့်ဝင်ကျေးရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ်သား ၁ဝ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့ တောင်ဘက် ၁၂ မိုင်ခန့်အကွာရှိ သင့်ဝင်ကျေးရွာအနီးတွင် မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရ သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁ဝ ဦးခန့်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်များ အထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း KLG PDF ရဲဘော်က မဇ္ဈိမကို ပြောသည်။

“ နံနက် ၁ဝ နာရီ လောက်မှာ ချောင်းမကျေးရွာကနေ သင့်ဝင်ကျေးရွာဘက်ကို စစ်ကောင်စီစစ်ကြောင်း စထွက်လာပါတယ်၊ ချောင်းမကျေးရွာအထွက်မှာ တစ်ကြိမ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ ပါတယ်။ နေ့လည် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ၊ ဗိုလ်တွေနေထိုင်တဲ့နေရာကို အတိတကျ သတင်းရတာနဲ့ လက်နက်ကြီးငယ်တွေနဲ့ အချီကြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဗျ။ စစ်ကောင်စီတပ်သား ၁ဝ ဦး အထက်မှာ အသေဆုံး ရှိပါမယ်” ဟု KLG PDF ရဲဘော်က ဆိုသည်။

ယင်းတိုက်ပွဲကို ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF )၊ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)၊ MPDF ၊ Dragon Brothers Task Force ၊ ကနီမြို့နယ် ပကဖ ၊ ချင်းတွင်းတော်လှန်ရေးတပ်နှင့် ကနီ-ယင်းမာပင် မဟာမိတ်များအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက နယ်မြေရှင်းလင်းရေးဟုဆိုကာ စစ်ကြောင်းထိုးမှုများကြောင့် ကနီ မြို့နယ် ချောင်းမ၊ သင့်ဝင်၊ သမင်ခြံ၊ အောင်မင်္ဂလာ စသည့်ကျေးရွာများနေ ပြည်သူများဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

#Mizzima

#ကနီမြို့နယ်

#သင့်ဝင်ကျေးရွာ

#KLGPDF

#မြန်မာ့တော်ဝင်နဂါးတပ်တော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly