ညောင်ရွှေနှင့် ဖယ်ခုံနယ်စပ်တွင် တိုက်ပွဲပြင်းထန်ပြီး တိုက်လေယာဥ်နှင့်ရဟတ်ယာဉ်များ အသုံးပြုတိုက် ခိုက်

16 May 2022
ညောင်ရွှေနှင့် ဖယ်ခုံနယ်စပ်တွင် တိုက်ပွဲပြင်းထန်ပြီး တိုက်လေယာဥ်နှင့်ရဟတ်ယာဉ်များ အသုံးပြုတိုက် ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အစပ်တွင် ထိုးစစ်ဆင်လာသောစစ်ကောင်စီ တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း သိရသည်။

မေလ ၁၃ ရက်နေ့က ထီရိကင်းစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် စစ်ကြောင်းကို PEKHON PDF တပ်ရင်း ၂ ၊ SSRY ၊ အင်းလေး PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ လွိုင်ကော် local PDF တပ်ရင်း ၁၀၀၅ ၊ KNDF နှင့်ဒေသခံကာကွယ်ရေးအဖွဲများပူးပေါင်းကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်မှ ည ၇ နာရီအထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က ထုတ်ပြန်ထားသည်။

၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များအထိနာပြီး ဖယ်ခုံ စကခ-၇ မှလက်နက်ကြီးပစ်ကူအပါအဝင် ဂျက်လေယာဉ်နှစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် ရဟတ်ယာဉ်ဖြင့်ပါ လာရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်တပ်ဖွဲ့အနေဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း SSRY တပ်မှ CDM ရဲဝန်ထမ်း ရဲဘော်ချစ်ကောင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ရပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဖက်မှ သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း ဆိုသည်။

#Mizzima

#ရှမ်းပြည်နယ်တောင်ပိုင်း

#SSRY

#ဖယ်ခုံမြို့နယ်

#တိုက်ပွဲပြင်းထန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly