ယင်းမာပင်မြို့နယ်တွင် ကျေးရွာများကိုမီးရှို့သည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၅ ဦးသေဆုံး

16 May 2022
ယင်းမာပင်မြို့နယ်တွင် ကျေးရွာများကိုမီးရှို့သည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ အရှေ့ဘက် သုံးမိုင်ခန့်အကွာ အင်းကျင်းတောင်ရွာနှင့် တည်ပင်ခံရွာကြားတွင် မေလ ၁၅ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က စစ်ကောင်စီတပ် မိုင်းဆွဲ တိုက်ခိုက် ခံခဲ့ရကြောင်း သိရသည်။

ကျေးရွာများကို မီးရှို့ပြီး စစ်ကြောင်း ထိုးလာစဉ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်က ပြောသည်။

''မနက် အစောပိုင်းက ယင်းမာပင် ဘက်ကနေ စစ်ကြောင်းထိုး လာခဲ့ပြီး ရွာသာကျေးရွာနဲ့ နှောရိုးကျေးရွာကို သူတို့ မီးဝင်ရှို့တယ်ဗျ၊ ပြီးတော့ သူတို့ ကတ္တရာလမ်း ဘယ်ညာကို စစ်ကြောင်းထိုးလားတယ်၊ မိုင်းဆွဲတာ ကတော့ အင်ကျင်းတောင်နဲ့ တည်ပင်ခံ နားမှာ ပဒေသာ ၁၀ နဲ့ မိုင်းဆွဲ တိုက်ခိုက်လိုက်တယ်၊ ငါးကောင် ကတော့ အဲ့နေရာမှာပဲ တစ်ထိုင်တည်း သေတယ်၊ ကျန်တာတွေ ကတော့ တော်တော်များများ ထိခိုက် ဒဏ်ရာရတယ်'' ဟု ၎င်းကဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါး တပ်တော်၊ ဆားလင်းကြီး တစ်ကိုယ်တော် သုရာဇာနှင့် Brother Defense Force အဖွဲ့များ ပူးပေါင်း ပြုလုပ်ခဲ့ကြာင်း သိရသည်။

#Mizzima

#ယင်းမာပင်မြို့နယ်

#အင်ကျင်းတောင်

#BrotherDefenseForce

#မြန်မာ့တော်ဝင်နဂါးတပ်တော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly