နဝဒေးကွင်းကို သိန်းငါးသောင်းအကုန်အကျခံပြင်ဆင်ရန် ဇွဲကပင်အသင်း စီစဉ်

နဝဒေးကွင်းကို သိန်းငါးသောင်းအကုန်အကျခံပြင်ဆင်ရန် ဇွဲကပင်အသင်း စီစဉ်
ဇွဲကပင်လေ့ကျင့်ရေးကွင်းတွင် ခြေစမ်းပွဲကစားနေစဉ်။(ဓာတ်ပုံ - YDNB)

ဖေဖေါ်ဝါရီ ၃၊ ရန်ကုန်။        ။ ကရင်ပြည်နယ်ကိုယ်စားပြု မြန်မာနေရှင်နယ်လိဂ်ကလပ် ဇွဲကပင်ယူနိုက်တက်အသင်းသည် အသင်းလေ့ကျင့်ရေးကွင်းဖြစ်သော ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးကွင်းကို ငွေကျပ်သိန်းငါးသောင်းအကုန်အကျခံ ပြင်ဆင်ရန်စီစဉ်နေသည်ဟု အသင်းပိုင်ရှင် ဦးလှဋ္ဌေးကပြောသည်။

ဇွဲကပင်ယူနိုက်တက်အသင်းမှာ အသင်းစတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၀ခုနှစ်မှ စတင်ပြီး လေ့ကျင့်ရေးကွင်းအဖြစ် နဝဒေးကွင်းကိုအသုံးပြုခဲ့သည်။ “အသင်းလေ့ကျင့်ရေးကွင်းကို အဆင့်မီပြင်ဆင်ဖို့ ရှိပါတယ်။ သိန်းငါးသောင်းလောက် အကုန်အကျခံသုံးစွဲမှာပါ။ အိမ်ကွင်းအဖြစ်တော့ သုံးမှာမဟုတ်ပါဘူး။ လေ့ကျင့်ရေးအတွက် နိုင်ငံတကာအဆင့်မီပစ္စည်းတွေကအစလုပ်သွားမှာပါ။ ”ဟု ၎င်းကဆိုသည်။

ဇွဲကပင်ယူနိုက်တက်အသင်းသည် အိမ်ကွင်းအဖြစ် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အောင်သံလွင်ကွင်းကို အသုံးပြုရန် မူလကရည်ရွယ်ထားသော်လည်း နောက်ပိုင်းတွင် အဆင်မပြေသဖြင့် အခြားကွင်းတစ်ကွင်းကို ပြင်ဆင်ရန်လည်း စီစဉ်ထားသည်။ ဇွဲကပင်အသင်းမှာ ၂၀၁၀ဘောလုံးရာသီမှစတင်ပြီး မြန်မာနေရှင်နယ်လိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောအသင်းဖြစ်ပြီး ၂၀၁၆ ဘောလုံးရာသီအထိတန်းမဆင်းရသော အသင်းများထဲတွင် ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly