ချမ်းအေးသာစံမြို့နယ်တွင် စစ်ကောင်စီခန့်ရာအ်ိမ်မှူး ပစ်ခတ်ခံရ၍ သေဆုံး

ချမ်းအေးသာစံမြို့နယ်တွင် စစ်ကောင်စီခန့်ရာအ်ိမ်မှူး ပစ်ခတ်ခံရ၍ သေဆုံး

မေ ၁၅

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ယနေ့မေလ ၁၅ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်ကပိုင်းက စစ်ကောင်စီခန့်ရာအ်ိမ်မှူး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း အခင်းဖြစ်ပွါးရာအနီး နေထိုင်သူထံက သိရသည်။

“ကျွန်တော်တို့ အရပ်ထဲကရာအိမ်မှူးပါ။ အရင်ရာအိမ်မှူးတွေမရှိတော့လို့ ရာအိမ်မှူးတာ၀န်ခေတ္တယူထားသူပါ။ ဒီမနက် သူလက်ဖက်ရည်ဆိုင်ကနေပြန် အလာကို ဆိုင်ကယ်စီး လူနှစ်ယောက်က အနောက်ကနေ လိုက်ပစ်တာပါ။ သေနတ်နှစ်ချက်၊ သုံးချက်ပစ်ခံရပြီး ပွဲချင်းပြီး သေပါတယ်” ဟု ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက် နေထိုင်သူတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူသည် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက် အကွက်အမှတ်(၂၈၇)က အသက် ၅၀အရွယ် ရာအိမ်မှူးဦးကြည်လင်းဆို သူဖြစ်သည်။

“ဦးကြည်လင်းက ၃၅ လမ်းအတိုင်း၊ အရှေ့ကနေအနောက်ကို စက်ဘီးစီးလာတယ်ဗျာ။ ၈၇ လမ်းကျော်လောက်ကျတော့ သူ့နောက်ကနေ လိုက်လာတဲ့ ဆိုင်ကယ်နဲ့နှစ်ယောက်က နှစ်ချက်၊ သုံးချက်လှမ်းပစ်သွားတာ၊ အခင်းဖြစ်နေရာအနီးမှာ ပစ္စတိုကျည်ဆန်အခွံနှစ်ခုနဲ့ ကျည်ထိပ်ဖူးတစ်ခုတွေ့တယ်လို့လည်း နယ်မြေရဲတွေကပြောတယ်” ဟု မဇ္စျိမ၏ သတင်းအရင်းအမြစ်က ပြောသည်။

#Mizzima

#မန္တလေးတိုင်း

#ချမ်းအေးသာစံမြို့နယ်

#ရာအိမ်မှူး

#ပစ်ခတ်မှုဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly