မုံရွာတွင် စစ်ကောင်စီ သတင်းပေး ဒလန်ဆိုသူ သုတ်သင်ရှင်းလင်းခံရ

15 May 2022
မုံရွာတွင် စစ်ကောင်စီ သတင်းပေး ဒလန်ဆိုသူ သုတ်သင်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ နတ်လူထိပ်ပန်ရပ်ကွက် သိင်္ဂီရပ်နေ စစ်ကောင်စီ သတင်းပေးဆိုသူ ဦးစိန်ဝင်းအား ဒလန်တို့ သွားရာလမ်းအတိုင်း အရောက်ပို့ဆောင်ပေးခဲ့သည်ဟု Monywa Special ဒိတ်ဒိတ်ကြဲက မေလ ၁၄ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သေဆုံးသွားသူ ဦးစိန်ဝင်းသည် (၂၀၁၀ - ၂၀၁၅ ) ခုနှစ်တွင် အုပ်ချုပ်ရေးမှူးတာဝန်ယူ ခဲ့သူ ဖြစ်ပြီး မြို့ပြပြောက်ကျားများက ၎င်း၏ နေအိမ်သို့ လာရောက်၍ ဓါးဖြင့်ငါးချက်ထိုးခဲ့ပြီး မသေသဖြင့် သေနတ်နှင့် ပစ်ခတ်သုတ်သင်ခဲ့ကြောင်း သိရသည်။

“စိန်ဝင်း က စစ်ကောင်စီစခန်းတွေမှာ အဝင်အထွက်ရှိတယ်။ ရွာမှာရှိတဲ့ PDF တွေကိုလည်း တိုင်ကြားတယ်။ စစ်ခွေးတွေကိုထောက်ပံ့ပြီး ပျူစောထီး တွေနဲ့ဆက်နွယ် နေတဲ့အတွက် သုတ်သင်ရှင်းလင်းခဲ့တာပါ” ဟု Monywa Special ဒိတ်ဒိတ်ကြဲ ခေါင်းဆောင်တစ်ဦးက ပြောသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#မုံရွာ

#စစ်ကောင်စီသတင်းပေး

#ဒလန်

#သုတ်သင်ရှင်းလင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly