ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် ရေရှားပါးမှုနှင့် ရင်ဆိုင်နေရသဖြင့် ဗဟိုအစိုးရထံမှ အကူအညီ တောင်း

By The Print
14 May 2022
ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် ရေရှားပါးမှုနှင့် ရင်ဆိုင်နေရသဖြင့် ဗဟိုအစိုးရထံမှ အကူအညီ တောင်း

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်တွင် ကြုံတွေ့နေရသော ရေအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် ပြည်နယ်အတွက် ရေထောက်ပံ့ပေးရန် ဆင်းဒ်ပြည်နယ် ပြန်ကြားရေးဝန်ကြီး ရှာဂျီးလ် မန်မွန်က ပါကစ္စတန် ဖက်ဒရယ်အစိုးရထံ မေလ ၅ ရက်က အကူအညီ တောင်းခံခဲ့သည်။ တစ်ဆက်တည်းမှာပင် ပါကစ္စတန်၌ ရေရှားပါးမှု ပြဿနာက စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

ဆင်းဒ်ပြည်နယ်တွင် ပျံ့နှံ့ဖြစ်ပေါ်နေသော လက်ရှိ ရေရှားပါးမှု ကိစ္စကို အလေးထား ကိုင်တွယ်ပေးရန် မန်မွန်က ဖက်ဒရယ်အစိုးရကို တိုက်တွန်းခဲ့သည်ဟု Express Tribune က ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးတွင် အရေးပါသော အခန်းကဏ္ဍတစ်ခုကနေ အမြဲတစေ ပါဝင်ထားခဲ့သည့် ဆင်းဒ်ပြည်နယ်သည် ယခုအခါ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ပြောသည်။

“ပြည်နယ်မှာ သောက်သုံးရေ ရှားပါးမှု ကြီးမားနေပါတယ်။ ဒါ့အပြင် ဆည်ရေပေးမှု တူးမြောင်းတွေမှာလည်း ပြဿနာတွေ ရှိနေပါတယ်” ဟု ပြည်နယ်ဝန်ကြီးက ပြောသည်။ 

“တကယ်လို့ လက်ရှိအခြေအနေကို မဖြေရှင်းဘူးဆိုရင် စီးပွားရေးဟာ ပြဿနာတွေနဲ့ ပိုမို ရင်ဆိုင်ရပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ရေရှားမှုက “စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုနှင့် သစ်သီးခြံများ” အပေါ် အကြီးအကျယ် ထိခိုက်သက်ရောက်စေလျက် ရှိကြောင်း မန်မွန်က ပြောကြားရင်း လက်ရှိ ကြီးလေးသော ရေပြဿနာများအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု Express Tribune က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly