အငြင်းပွား ဆန်ကာကုကျွန်းများအနီးရှိ ဂျပန်ရေပိုင်နက်အတွင်းသို့ တရုတ်သင်္ဘော ၂ စင်း ဝင်ရောက်

အငြင်းပွား ဆန်ကာကုကျွန်းများအနီးရှိ ဂျပန်ရေပိုင်နက်အတွင်းသို့ တရုတ်သင်္ဘော ၂ စင်း ဝင်ရောက်

အငြင်းပွားနေသော ဆန်ကာကုကျွန်းများအနီးရှိ ဂျပန်ရေပိုင်နက်အတွင်းသို့ တရုတ်သင်္ဘော ၂ စင်း ဝင်ရောက်ခဲ့ သည်။
 
တရုတ်သင်္ဘောများသည် ကျွန်းမှအရှေ့တောင်ဘက် ၁၃ မိုင်ခန့်အကွာတွင် ဒေသစံတော်ချိန် နံနက် ၇ နာရီခန့် တွင် မီနာမီ ကိုဂျိမာကျွန်းရေပြင်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်အရာရှိများကို ကိုးကား၍ NHK သတင်းဌာနက ဖော်ပြခဲ့ကြောင်း Sputnik က ဖော်ပြခဲ့သည်။

တရုတ်သင်္ဘောများ ချဉ်းကပ်သွားသည့် ဂျပန်ငါးဖမ်းသင်္ဘောတစ်စင်း၏ လုံခြုံရေးအတွက် ဂျပန် အာဏာပိုင် များက အဆိုပါနေရာသို့ ကင်းလှည့်သင်္ဘောများ စေလွှတ်ခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

၂၀၂၂ခုနှစ်အတွင်း ဂျပန် ရေပိုင်နက်အတွင်းသို့ တရုတ်က ကျူးကျော်ဝင်ရောက်ခြင်းသည် ၇ကြိမ်ရှိပြီဖြစ်သည်။ ယခင်ဖြစ်ရပ်ကို ဧပြီ ၁၂ ရက်က အစီရင်ခံခဲ့သည်ဟု Sputnik က ဖော်ပြခဲ့သည်။

ဂျပန်က ယင်းကျွန်းစုများ၏ အချုပ်အခြာအာဏာကို ၁၈၉၅ ခုနှစ်ကတည်းက အခိုင်အမာတောင်းဆိုထားသလို တရုတ်ကလည်း ၁၇၈၃ခုနှစ်နှင့် ၁၇၈၅ ခုနှစ် ဂျပန်မြေပုံများတွင် ၎င်းတို့ပိုင်နယ်မြေအဖြစ် ဖော်ပြထားသည်ဟု ဆိုသည်။

ဂျပန်အစိုးရက ကျွန်း ၅ကျွန်းအနက် ၃ ကျွန်းလုံးကို ပုဂ္ဂလိကပိုင်ပိုင်ရှင်ထံမှ ဝယ်ယူခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်ပြီးအငြင်းပွားမှု ပိုမိုဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly