မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း(၈၂)ကို မြို့ပြပြောက်ကျားပူးပေါင်းတပ်ဖွဲ့မှတိုက်ခိုက်၊ ၂ ဦး သေ ဆုံး

14 May 2022
မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း(၈၂)ကို မြို့ပြပြောက်ကျားပူးပေါင်းတပ်ဖွဲ့မှတိုက်ခိုက်၊ ၂ ဦး သေ ဆုံး

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ်ရင်း(၈၂)ကို မြို့ပြပြောက် ကျားပူးပေါင်းတပ်ဖွဲ့က ၄၀ မမ ဗုံးသီးလောင်ချာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့အခြေစိုက် မြို့ပြ ပြောက်ကျားတပ်ဖွဲ့များဖြစ်ပြီး Area -21 ၏ မဟာမိတ်ညီနောင်များဖြစ်သည့် Yangon Federal Army -YFA နှင့် CGF- YGN တို့ ပူးပေါင်းကာ ယနေ့ မေလ ၁၄ ရက်နေ့ နံနက် ၅ နာရီ ဝန်းကျင်က တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

“ ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ (၈၂)တပ်ရင်းကို ကျွန်တော်တို့ မဟာမိတ်အဖွဲ့တွေ ပေါင်း ပြီး ၄၀ မမ ဗုံးသီးလောင်ချာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်က ပြန် လည်ပစ်ခတ်မှုတောင် လုပ်နိုင်ပါဘူး။ အထဲကနေ မီးပိတ်ထားတာ တွေ့ရတယ်။ အထိအခိုက်များနိုင်ပါ တယ်" ဟု Yangon Federal Army မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

၄၀ မမ ဗုံးသီးလောင်ချာများဖြင့်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ နှစ်ဦး သေဆုံးပြီး လေးဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်းသတင်းပေး၏ပြောကြားချက်အရ သိရကြောင်း YFA တာဝန်ရှိသူကဆိုသည်။

မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ(၈၂)တပ်ရင်းကိုတိုက်ခိုက်မှုသည် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ၏ နန်းထိုက်အောင်စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးမဟာမိတ် ရဲဘော်ညီအစ်ကိုများ အထိအခိုက်မရှိဘဲ ဘေးကင်းရာကို အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း လည်း သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ မေလ ၁၃ ရက် ညပိုင်းကလည်း ကမာရွတ်မြို့နယ် အင်းယားလမ်းနှင့် ပြည်လမ်းထောင့်ရှိ ယာဉ် ထိန်းရဲကင်းတွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားနှစ်ဦး ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည်။

ရန်ကုန်မြို့ကို စစ်ကောင်စီတပ်က လုံခြုံရေးအလွန်တင်းကြပ်စွာချထားကာ ထိန်းချုပ်နိုင်ရန်ကြိုးစားနေ သော်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်လှုပ်ရှားမှုများ အားကောင်းနေဆဲဖြစ်သလို စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင်သတင်းပေးဒလန်များ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိနေသည်။

#Mizzima

#မင်္ဂလာဒုံမြို့နယ်

#တပ်ရင်း(၈၂)

#မြို့ပြပြောက်ကျားတပ်ဖွဲ့

#Yangon_Federal_Army

#CGF-YGN

#နန်းထိုက်အောင်စစ်ဆင်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly