တရုတ်၏ အဓိပ္ပါယ်မဲ့သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက ကမ္ဘာ့ငွေကြေးဖောင်းပွမှုကို သက်ရောက်စေနိုင်

တရုတ်၏ အဓိပ္ပါယ်မဲ့သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက ကမ္ဘာ့ငွေကြေးဖောင်းပွမှုကို သက်ရောက်စေနိုင်

တရုတ်၏ နာမည်ပျက်နေသော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် တရုတ်နိုင်ငံသားများကို ထိခိုက်စေရုံသာမက ရာပေါင်းများစွာသော သင်္ဘောများ ဆိပ်ကမ်းများတွင် သောင်တင်နေခြင်းက ပို့ကုန် ကုန်ကျစရိတ်နှင့် ကမ္ဘာ့ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်မည်ဖြစ်သောကြောင့် ကမ္ဘာအတွက်လည်း ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး သင်္ဘောကုမ္ပဏီ Maersk က အသွားအလာပိတ်ဆို့မှုသည် ကုန်တင်ကား ဝန်ဆောင်မှုများကို ဆိုးဆိုးရွားရွားသက်ရောက်စေမည်ဖြစ်သလို သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်က မမျှော်မှန်းနိုင်သော အဆင့်အထိ မြင့်တက်လာလိမ့်မည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့ကုန်စည်များ၏ ၉၀ ရာခိုင်နှုန်းကို ရေကြောင်းဖြင့်ပို့ဆောင်လျက်ရှိသည်။

ကုန်စည်ပို့ဆောင်ခများ မြင့်တက်လာသည်နှင့်အမျှ ကမ္ဘာ့ကုန်သွယ်ရေးအပေါ် ထိခိုက်ကူးစက်မှုများ ဖြစ်စေနိုင်သည်။ စီးပွားရေးလုပ်ငန်းများသည် အခြေအနေမဟုတ်သည့် တိုးတက်မှုဖြစ်စဉ်ကို သည်းခံနိုင်ခြင်းမရှိတော့ဘဲ ဖောက်သည်လမ်းကြောင်းပြောင်းသွားကြလိမ့်မည်ဟု Inside Over သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ ရှန်ဟိုင်းဆိပ်ကမ်း ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများတွင် ဆိုးရွားသော ကုန်စည်ပိတ်ဆို့မှုများကြောင့် ကုန်စည်များကို အခြားဆိပ်ကမ်းများတွင် ချရန် ရေယာဉ်များကို ညွှန်ကြားထားသည်။

ဖောက်သည်များသည် ထပ်ဆောင်းပို့ဆောင်ခများနှင့် သိုလှောင်ခများကို ကျခံနေရသည်။ ထို့ကြောင့် တရုတ်သည် အဆိုးရွားဆုံး ကပ်ရောဂါဖြစ်ပွားမှုကို ရင်ဆိုင်ကြုံတွေ့နေရသလို ကုန်စည်ပို့ဆောင်ခများတိုးလာမှုကြောင့် ကမ္ဘာ့ကုန်သွယ်မှုအပေါ်ကိုလည်း စီးပွားရေးပဲ့တင်ရိုက်ခတ်နိုင်သည်။

ကမ္ဘာလုံးဆိုင်ရာငွေကြေးဖောင်းပွမှုနှင့်စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းမှုကြောင့် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာသော်လည်း တရုတ်နိုင်ငံသားများသည် အဆိုးရွားဆုံးအခြေအနေကို တွေ့မြင်ပြီးဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ ပုံမှန်အခြေအနေသို့ ပြန်ရောက်နေချိန်တွင် နိုင်ငံအတွင်း အိုမီခရွန်မျိုးကွဲကြောင့်ဖြစ်သော ကိုဗစ်ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် တရုတ်အတွက် မျှော်လင့်ချက် ကင်းမဲ့လျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly